မြန်မာနိုင်ငံသည်
တောတောင်ရေမြေ သဘာဝအလှများ၊ တောတောင်ရှုခင်းများ၊ စိမ့်စမ်းများ၊ ရေပူစမ်းများ
သမိုင်းဝင် ကန်များ၊ အင်းများ၊ ကျေးငှက်တိရစ္ဆာန်များဖြင့် သဘာဝရှုခင်းအလှပေါများသော
နိုင်ငံဖြစ်သည်။ ထိုသဘာဝအလှများတွင် ရေပူစမ်းများလည်းပါဝင်သည်။ သဘာဝရေပူစမ်းများကို
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် ကရင်ပြည်နယ် တို့တွင်
အများဆုံးတွေ့နိုင်သည်။ ထိုသဘာဝရေပူစမ်း အနက် ထူးခြားစွာ မိုးနည်းရေရှားရပ်ဝန်းတွင်
ပါဝင်သည့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟန်လင်းရှေးဟောင်း
ပျူမြို့ဟောင်းဒေသတွင်းလည်း ထူးခြားစွာ သဘာဝရေပူစမ်းများ၊ ရေလျှံတွင်းများကိုရှားပါးစွာ တွေ့ရသည်။
ဟန်လင်းစံပြကျေးရွာသည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင်တည်ရှိပြီး
ရွှေဘိုမြို့နယ် နှင့် နယ်နိမိတ်အစပ်တွင် တည်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း
ဧရာဝတီမြစ်၏ အနောက်ဘက်
ကမ်း ၁၂ မိုင်အကွာတွင်တည်ရှိသည်။ ဟန်လင်းပျူမြို့တော်ဟောင်း စံပြကျေးရွာကြီးသည် အရှေ့နှင့်
အနောက် နှစ်မိုင်ခန့်နှင့် တောင်နှင့်မြောက် နှစ်မိုင်ခန့်နှစ်မိုင်ပတ်လည်အကျယ်အဝန်းရှိသော စံပြကျေးရွာကြီး
ဖြစ်သည်။

ထူးခြားစွာရေပူစမ်း၊
ရေချိုးကန် ခုနစ်ကန်နှင့် ရေပူစမ်း၊ ရေလျှံတွင်း ၁ဝဝ ကျော်ရှိသည်။
ဟန်လင်းပျူမြို့တော်
ဟောင်း စံပြကျေးရွာကြီးတွင် ရေပူစမ်းနှင့်ရေလျှံတွင်း များရှိသော ရပ်ကွက်များမှာ ရေယဉ်မောင်းရပ်ကွက်၊ ရေပူကုန်းရပ်ကွက်၊ ထန်းနှောင်းကုန်းရပ်ကွက်၊ တွင်းမရပ်ကွက်နှင့် ညောင်ပင်ဘိုရပ်ကွက်များဖြစ်သည်။ ဟန်လင်းပျူမြို့တော် စံပြကျေးရွာကြီးတွင် တောင်မြောက်အလျား ၂၅ဝဝ ပေနှင့် အရှေ့အနောက်အလျား ၃၅ဝဝ ပေအတွင်း ရေပူကြောရှိ၍ ရေပူတွင်းများ အလွယ်တကူ တူးဖော်ရနိုင်သည်။

ဟန်လင်းသမိုင်းဝင်
ပျူမြို့တော်ဟောင်း စံပြကျေးရွာရှိ ရေပူစမ်းထွက်ရှိမှု ဧရိယာနှင့်ရေအပူချိန်၊
ရေသန့်စင်မှု၊
ရေအငန်ဓာတ်ပါဝင်မှု နှုန်းထားများမှာ ကြက်ဥကျက်တွင်း သုံးတွင်းမှာ တြိဂံပုံစံရှိသည်။ တွင်းအကျယ်မှာ ရှစ်ပေ
ဖြစ်သည်။ ကြက်ဥကျက်တွင်းမှာ ရေသန့်မှု ၅-PH မှ ၆-PH အထိရှိသည်။ အပူချိန်မျာ ၅ဝ စင်တီဂရိတ်ရှိသည်။

ရေတွင်းအနက်မှာ
သုံးပေဖြစ်သည်။ ရေအငန်ဓာတ် ပါဝင်မှုနှုန်းမှာ သုည ဒသမ ၂ ဖြစ်သည်။ အမျိုးသား ရေပူကန်မှာ
ရေသန့်စင်မှု ၅-PH မှ၆-PH အတွင်းရှိသည်။ ရေ အပူချိန် မှာ ၄၇ စင်တီဂရိတ်ဖြစ်သည်။ ရေတွင်း
အနက်မှာ ခြောက်ပေဖြစ်သည်။ ရေအငန်ဓာက်ပါဝင်နှုန်းမှာ သုည ဒသမ ၃ ဖြစ်သည်။ ရေပူကန်
အကျယ်မှာ တောင်မြောက် ၅၁ ပေ ၄လက်မနှင့် အရှေ့အနောက် ၅၁ ပေ ၄ လက်မ ဖြစ်သည်။
အုတ်ဘောင်ခတ်၍ အတွင်းတွင်တွင်းလေးများ တူးထားသည်။
သီရိမင်္ဂလာတွင်းမှာ
ရေသန့်စင်မှု ၅-PH မှ ၆-PH အတွင်းရှိသည်။ ရေပူချိန်မှာ ၄၁ စင်တီဂရိတ်ဖြစ်
သည်။ သီရိမင်္ဂလာတွင်းမှာ ရေသန့်စင်မှု ၅-PH မှ ၆-PH အတွင်းရှိသည်။ ရေအပူချိန်မှာ ၄၁ စင်တီ
ဂရိတ်ဖြစ်သည်။ ရေတွင်းအနက်မှာ ၁၁ ပေဖြစ်သည်။ ရေအငန်ဓာတ်ပါဝင်မှုနှုန်းမှာ သုည ဒသမ ၃ ဖြစ်သည်။

ရေတွင်းအကျယ်မှာ
၁၅ ပေပတ်လည်ဖြစ်သည်။ ဦးတင်သောင်း ရေပူတွင်းမှာ ရေသန့်စင်မှုမှာ ၇-PH
မှ ၈-PH အတွင်းရှိသည်။ ရေအပူချိန်မှာ ၃၇ စင်တီဂရိတ်ဖြစ်သည်။ ရေတွင်းအနက်မှာ ၄၅ ပေဖြစ်သည်။ ရေအငန်ဓာတ်ပါဝင်မှုနှုန်းမှာ သုည ဒသမ ၂ ဖြစ်ပြီး ရေလျှံတွင်းဖြစ်သည်။ မအေးတုန်းတွင်းမှာ ရေသန့်စင်မှု ၅-PH မှ ၆-PH အတွင်းရှိသည်။ ရေအပူချိန်မှာ ၃၉ စင်တီဂရိတ်ဖြစ်သည်။ ရေတွင်းအနက်မှာ ခြောက်ပေဖြစ်
သည်။ ရေအငန်ဓာတ်ပါဝင်မှုနှုန်းမှာ သုည ဒသမ ၃ ဖြစ်ပြီး ရေလျှံတွင်းဖြစ်သည်။

ဟန်လင်းရှိ
စံပြကျေးရှိ ရေပူကန်များကို အမျိုးသားသီးသန့်နှင့် အမျိုးသမီးသီးသန့်ကန်ဟု
ခွဲခြားထားသည်။ အမျိုးသမီးသီးသန့် ရေပူကန်မှာ တောင်မြောက် ၃၈ ပေ ၃ လက်မ၊
အရှေ့အနောက် ၂၃ ပေ ၃ လက်မ၊
ရင်ချင်းကပ်ကန်ကြီး နှစ်ကန်ဖြစ်ပြီးတစ်ကန်မှာ တောင်မြောက် ၂၈ပေ ၆လက်မနှင့် အရှေ့အနောက် ၂၆ ပေ
၆ လက်မ ရှိသော မျက်နှာချင်းဆိုင် ကန်ကြီးနှစ်ကန်ဖြစ်သည်။ ကန်နှစ်ကန်အလယ်တွင် ၁ဝ ပေခြားထားသည်။

အမျိုးသမီးကန်တွင်
အမျိုးသမီးများ လွတ်လပ်စွာ ခေါင်းလျှော်၊ ရေချိုး၊ အဝတ်ဖွတ်ကြသည်။ အမျိုးသမီး ရေပူကန်၏
ရေသန့်စင်မှုမှာ ၅-PH နှင့် ၆-PHကြားရှိသည်။ ရေအပူချိန်မှာ ၄၅ စင်တီဂရိတ်ဖြစ်သည်။
ရေအငန်ဓာတ်ပါဝင်မှုမှာ သုည ဒသမ ၃ ဖြစ်သည်။
ဟန်လင်းရှေးဟောင်း
ယဉ်ကျေးမှုသမိုင်းဝင် ပျူမြို့မြို့ဟောင်းမှာ ယခုအခါ ကမ္ဘာ့အသိအမှတ်စာရင်းဝင် ပျူ
မြို့ဟောင်းဖြစ်သည်။ ထို့ကြောင့် ဟန်လင်းပျူမြို့ဟောင်းသို့ ကမ္ဘာလှည့်ခရီးသည်များဖြစ်သည့် ရုရှား၊ သြစတြေးလျ၊ ထိုင်း၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် အမေရိကန်လူမျိုးများ လာရောက်လေ့လာ ကြသည်။

No comments:
Post a Comment