Tuesday, January 20, 2015

မြိတ်မြို့နယ် ဘောလုံးသမားများ နာရေးကူညီမှုအသင်း ရန်ပုံငွေ ချစ်ကြည်ရေးဘောလုံး ပြိုင်ပွဲ ကျင်းပ

မြိတ် ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ဘောလုံးသမားများ နာရေးကူညီမှုအသင်း ရန်ပုံငွေ ချစ်ကြည် ရေးဘောလုံး ပြိုင်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို ဇန်နဝါရီလ(၁၈)ရက် မွန်းလွဲ(၂)နာရီက မြိတ်မြို့ မြို့မ အားကစား ကွင်းတွင် ကျင်းပရာ ရှေးဦးစွာ မြိတ်မြို့နယ် ဘောလုံးသမားများ နာရေးကူညီမှုအသင်း ဥက္ကဌ ကျေးဇူးတင် စကားပြောကြားသည်။




ယင်းနောက် မြိတ်မြို့နယ် ဘောလုံးသမားများ နာရေးကူညီမှုအသင်း ဖြစ်မြောက်ရန်နှင့် ပြိုင်ပွဲ ကျင်းပနိုင်ရန် ကူညီပံ့ပိုးသူများအား ဂုဏ်ပြုမှတ်တမ်းများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဘောလုံးသမားများ နာရေးကူညီမှုအသင်း ရန်ပုံငွေချစ်ကြည်ရေးဘောလုံးပြိုင်ပွဲမစတင်မီ တေးဂီတ ဖျော်ဖြေပွဲကို ကျင်းပရာ နိုင်ငံတော် တေးဂီတ အဆိုတော် ဦးစိုးပိုင်နှင့် တေးသံရှင်များက တေးသီချင်းများ သီဆဖျော်ဖြေ ခဲ့ကြပြီး ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို Actor FC ရုပ်ရှင်သရုပ်ဆောင် ဘောလုံးအသင်းနှင့် မြိတ်မြို့နယ်ရုပ်ရှင် သရုပ်ဆောင် ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသ ကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တော/သတ္တုဝန်ကြီး ဦးတင်စိုးနှင့် ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment