Friday, January 16, 2015

မြိတ်မြို့တွင် အခြေခံ စာကြည့်တိုက်ပညာသင်တန်း(၁/၂၀၁၅) ဖွင့်လှစ်

မြိတ် ဇန်နဝါရီ ၁၅ ရက်   
ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် နှင့် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ စာဖတ်ပရိတ်သတ်များ အဆင်ပြေချောမွေ့စွာ ဖတ်ရှုလေ့လာနိုင်ရန်နှင့် စာကြည့်တိုက်မှူးကောင်းများ ဖြစ်ပေါ်လာစေရေး အတွက် တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး ၍ အခြေခံစာကြည့်တိုက်ပညာ သင်တန်း(၁/၂၀၁၅)ကို မြိတ်ခရိုင်ရုံးတွင် ဇန်နဝါရီလ(၁၅)ရက် နံနက်(၈)နာရီက ဖွင့်လှစ်ခဲ့သည်။   



အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာများ၊ မြိတ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် တို့မှ သင်တန်းသားများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ဝန်ထမ်းများ စုစုပေါင်း(၆၀)ဦးတက်ရောက်ကြပြီး သင်တန်းကို ဇန်နဝါရီလ(၁၅)ရက်မှ(၁၇)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။  

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နီနီချို၊ ကော့သောင်းခရိုင် ဦးစီးအရာရှိ ဒေါ်ကြင်ကြင်သန်းနှင့် ရေဖြူမြို့နယ် ဦးစီးမှူး ဒေါ်ဖြူဖြူရှိန် တို့က စာကြည့်တိုက်အကြောင်း၊ စာကြည့်တိုက်စီမံခန့်ခွဲရေး၊ မျိုးတူစုခြင်း၊ ကက်သလောက် လုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာစု လုပ်ငန်း၊ စာပေပြုပြင်ထိန်းသိမ်းနည်း၊ နံရံကပ်၊ ပြခန်း၊ လက်ကမ်းစာစောင် ဆောင်ရွက်ခြင်းများကို သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment