Wednesday, December 31, 2014

လုပ်ငန်းရှင်းအများစု အွန်လိုင်းကျော်ညာအသုံးပြုမှု မြင့်တက်

ရန်ကုန် ဒီဇင်ဘာ ၃၀
မြန်မာနိုင်ငံအတွင်း ယခုနှစ်အတွင်း အွန်လိုင်းပေါ်တွင် လုပ်ငန်းရှင် အများစုမှာ မိမိလုပ်ငန်းနှင့် ပတ်သက်သည့် ကြော်ငြာများကို အွန်လိုင်းပေါ်၌ ထည့်သွင်းကြော်ငြာခြင်းကို ပိုမို ပြုလုပ်လာသည်ကို တွေ့ရှိရကြောင်း၊ အွန်လိုင်းဈေးကွက်တွင် အခမဲ့ကြော်ငြာစုံ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www. ads. Com မှ Country Manager ဖြစ်သူ Mr. Nico Poma  က ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ အွန်လိုင်း အသုံးပြုမှု မြင့်တက်လာတာနဲ့အမျှ လုပ်ငန်းရှင်အများစုက လူတို့ရဲ့ ကြော်ငြာတွေကို အွန်လိုင်းများပေါ် ၌ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာလာကြတာ တွေ့ရတယ်။ IT ပစ္စည်းတွေရောင်းတဲ့ အရောင်း ဆိုင်တွေ၊ အလှကုန် ပစ္စည်းရောင်းတဲ့ သူတွေနဲ့ ကိုယ်စားလှယ်တွေက သူတို့ပစ္စည်းအသစ်တွေကို အွန်လိုင်း ပေါ်ကနေ ပရိုမိုးရှင်းတွေ ပိုပြီး ပြုလုပ်လာကြတာ တွေ့ရပါတယ်။ ဒါ့အပြင် တစ်ပတ်ရစ် ပစ္စည်းတွေလည်း အထူးကြော်ငြာအနေနဲ့ လာရောက် ကြော်ငြာ ကြပါတယ်။ လက်ရှိကျွန်တော်ရဲ့ ဝက်ဘ်ဆိုက်မှာဆို ကုမ္ပဏီပေါင်း ၂၀ ကျော်က သူတို့ရဲ့ လုပ်ငန်းတွေကို လာရောက် ကြော်ငြာ ကြတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ၌ အွန်လိုင်းအသုံး ပြုမှုများလာသကဲ့သို့ ဖုန်းအသုံးပြုသည့် နှုန်းများလည်း မြင့်မား လာသည့်အတွက် လုပ်ငန်းရှင် အများစု၏ လုပ်ငန်းကြော်ငြာ များလည်း တဖြည်းဖြည်း ပြောင်းလဲ လာကြောင်း၊ ၂၀၁၅ ခုနှစ်နောက်ပိုင်း အွန်လိုင်း မှ ကြော်ငြာမှုများ ပိုမိုမြင့်တက် လာနိုင်ရုံမက လုပ်ငန်းရှင် အများစု၏ အဓိက ကြော်ငြာ ပစ်မှတ်တစ်ခု အဖြစ် ပြောင်း လဲလာ နိုင်ကြောင်း သိရသည်။

No comments:

Post a Comment