Thursday, December 25, 2014

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော် မြတ်ကြီးအား ဖူးမြော်ကြည်ညို


မန္တလေး ဒီဇင်ဘာ ၂၄
ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ အဖွဲ့ဝင်များနှင့်အတူ ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင် မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို သည်။

ပြည်ထောင်စု လွှတ်တော်နာယကသည် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ကပ်လှူ ပူဇော်ပြီး ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယကသည် ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးပြီး အလှူတော်ငွေများ ပေးအပ်လှူဒါန်းကာ မဟာမုနိရုပ်ရှင်တော် မြတ်ကြီးအား လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ သည်။ 

No comments:

Post a Comment