Thursday, December 25, 2014

မြန်မာနိုင်ငံတွင်ပထမဆုံး ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းဖွင့်လှစ်


မန္တလေး ဒီဇင်ဘာ ၂၄
ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) နှင့် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ အစိုးရတို့၏ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ဆောက်လုပ်ထားသော ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း ကျောင်းဖွင့်ပွဲအခမ်းအနားကို မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ထုံးဘိုခြံတွင် ဒီဇင်ဘာ ၂၃ ရက် နံနက် ၁ဝ နာရီက ကျင်းပသည်။

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ စိုက်ပျိုးရေးကဏ္ဍသည် အလွန်အရေးပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍမှ စုစုပေါင်းထုတ်ကုန်၏ ၂၃ ဒသမ ၉ ရာခိုင်နှုန်း၊ နိုင်ငံခြား တင်ပို့ငွေ ၏ ၁၆ ဒသမ ၄ ရာခိုင်နှုန်း နှင့် အလုပ်သမားအင်အား ၆၁ ဒသမ ၂ ရာခိုင်နှုန်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားကြောင်း၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းမှုအမျိုးမျိုးပြုလုပ်နေသော်လည်း ရိတ်သိမ်းချိန်လွန်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်နေသေးကြောင်း၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ထွက်ကုန်များ၏ လေလွင့်ဆုံး ရှုံးမှုမှာ ၁ဝ ဒသမ ၄၂ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု သိရကြောင်း၊ စိုက်ခင်းမှ ဈေးကွက်ထိ တင်ပို့ရာတွင် ရိတ်သိမ်းချိန်လွန် နည်းပညာပြုပြင်ပြောင်းလဲမှုများ လိုအပ်လျက်ရှိနေကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းကျောင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး တည်ဆောက်သည့် ရိတ်သိမ်းချိန်လွန် နည်းပညာ သင်တန်းကျောင်း ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးက ယနေ့ ကျောင်းဖွင့်ပြီး ကိုရီးယားနိုင်ငံ၏ ရိတ်သိမ်းချိန် လွန်နည်းပညာများ မြန်မာနိုင်ငံတွင် ဖြန့်ဝေပေးမှာဖြစ်၍ မြန်မာ နိုင်ငံအတွင်း အခြားနေရာများ တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေပေး နိုင်မည်ဆိုပါက မြန်မာနိုင်ငံမှ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ ကမ္ဘာ့ဈေးကွက်အထိ တက်လှမ်းနိုင်မည်ဖြစ်ပြီး အကျိုးအမြတ်များပိုမိုရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ကိုရီးယားသံအမတ်ကြီး၊ (KOICA) မှဌာနေကိုယ်စားလှယ်တို့ နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လျှပ်စစ်နှင့်က်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်နှင့်မြန်မာကိုရီးယားဌာနေ ကိုယ်စားလှယ်တို့က သင်တန်းကျောင်းတွင်းရှိ သင်ကြားရေးဆိုင်ရာအခန်းများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာ များ အသုံးပြုပြီးလက်တွေ့ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ 

No comments:

Post a Comment