Sunday, December 28, 2014

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ မြောင်းမြမြို့နယ် ရွာသာကြီးကျေးရွာ၌ မိုးပွင့်အဆင့်(၇)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှု ကြည့်ရှုအားပေး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေး


နေပြည်တော် ဒီဇင်ဘာ ၂၈

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများနှင့် အတူ ဒီဇင်ဘာ(၂၆)ရက် နံနက်(၁၀)နာရီတွင် မြောင်းမြမြို့ လှေဆိပ်မှ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင် ရေယာဉ်ဖြင့် ထွက်ခွာလာရာ နံနက်(၁၁)နာရီ (၄၅)မိနစ်တွင် မြောင်းမြမြို့နယ် ရွာသာကြီးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း လူဝင်မှုကြီးကြပ်ရေး နှင့်အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများအား မိုးပွင့်အဆင့် (၇)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနအနေဖြင့် မိုးပွင့်စီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို သတ်မှတ်နှုန်းထားဖြင့် လွယ်ကူလျှင်မြန်စွာ ထုတ်ပေးနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ကွက်/ ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏အသုံးဝင်ပုံနှင့် နိုင်ငံသား တစ်ဦးအတွက် နိုင်ငံသားအခွင့်အရေးအပြည့်အဝရရှိနိုင်ရေး အတွက်အထောက်အထားဖြစ်မှု၊ ကွင်းဆင်း ဆောင်ရွက်ပေခြင်းအတွက် လွယ်လွယ်ကူကူရရှိမှုအပေါ် တန်ဖိုးမထားမဖြစ်ကြရေးနှင့် စနစ်တကျ ထိန်းသိမ်းနိုင်ရေး အခြေအနေများ တက်ရောက်လာကြသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားအကြောင်း သိကောင်းစရာများကို အခြားသူများထံ လက်ဆင့်ကမ်း ရှင်းလင်းပြောကြားနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍  အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားအကြောင်းသိကောင်းစရာများကို ပြန်လည်မေးမြန်းရာ ဖြေဆို နိုင်ကြသူများအား ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင်များပေးအပ်ပြီးနောက် လုပ်ငန်းဆိုင်ရာ အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွာသာကြီးကျေးရွာအခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျေးရွာ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် ဒေသခံပြည်သူများအား ထပ်မံတွေ့ဆုံကာ နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များနှင့် ယခုတတိယအဆင့် ပြုပြင်ပြောင်းလဲရေး (Thငမိ Wလေန) လုပ်ငန်းစဉ်မှ ပြည်သူများ အတွက်လက်ငင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်နေမှု၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် ကျေးရွာရပ်မိရပ်ဖများက ကျေးရွာအလိုက်ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးတို့အတွက် လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပြန်လည်ရှင်းလင်းဖြေကြား၍ ဌာနဆိုင်ရာတာဝန်ခံများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment