Sunday, December 28, 2014

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဖျော်ဖြေရေး ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပဆောင်ရွက်


နေပြည်တော် ၊ ဒီဇင်ဘာ(၂၈)

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားဖိတ်ကြားရေး၊ ကြိုဆိုနေရာ ချထားရေးနှင့် ဖျော်ဖြေရေး ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဗိုလ်ရှုခံအခမ်း အနား ရှင်းလင်းဆောင်၌ ပြုလုပ်ခဲ့ရာ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဖျော်ဖြေရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ တက်ရောက် အမှာစကားပြောကြားပါသည်။


အစည်းအဝေးသို့ ဆပ်ကော်မတီဒုတိယဥက္ကဋ္ဌ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်း၊ ဆပ်ကော်မတီ အတွင်းရေးမှူး အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးနှင့် ဖိတ်ကြားထားသူများတက်ရောက် ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဗိုလ်ရှုခံအခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက်  လုပ်ငန်းအလိုက်ဆောင်ရွက်ရမည့်အချက်များ၊ ကြိုဆိုနေရာချထားရေးအတွက် အဖွဲ့အစည်းများဖွဲ့စည်းပြီး စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ဆပ်ကော်မတီဒုတိယဥက္ကဋ္ဌ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်း တို့ကဖြည့်စွက်ဆွေးနွေးပါသည်။

ဆက်လက်၍ ဆပ်ကော်မတီအတွင်းရေးမှူးက အခမ်းအနားသို့ဝင်ရောက်မည့် ဝင်ပေါက် များ၊ ရင်ထိုးတံဆိပ် နမူနာပုံစံများ၊ နေရာချထားမှုများ၊ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကိုရှင်း လင်းတင်ပြပါသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းခဲ့ပါသည်။


အစည်းအဝေးအပြီးတွင် ဝန်ကြီးနှင့်အဖွဲ့များသည် ဗိုလ်ရှုခံကျင်းပမည့်နေရာသို့သွား ရောက်ပြီး အခမ်းအနားသို့ တက်ရောက်မည့် ဧည့်သည်တော်ကြီးများအတွက် နေရာချထားမှုများ ကိုသွားရောက်ကြည့်ရှုပြီး လိုအပ်သည် များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။  

No comments:

Post a Comment