Saturday, December 27, 2014

မြန်မာအမျိုးသမီးအသင်း ယနေ့ခြေစမ်းမည်

ရန်ကုန်  ဒီဇင်ဘာ  ၂၆
၂၀၁၅ ခုနှစ်အတွင်း အဓိကနိုင်ငံတကာပြိုင်ပွဲနှစ်ခုကို ယှဉ်ပြိုင်ရန်ရှိနေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည် ဒီဇင်ဘာ၂၇ ရက် (ယနေ့) ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဗီယက်နမ်ကလပ် ဟာနန်းအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အဆိုပါခြေစမ်းပွဲအတွက် အသင်း အုပ်ချုပ်သူများ အစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက MFF ရုံး၌ ကျင်းပခဲ့သည်။ ဟာနန်းအသင်းသည် အမျိုးသမီးနည်းပြကို ခန့်အပ်ထား ခြင်းဖြစ်ပြီး ဖန်သီသန်က "မိမိတို့ အသင်းအတွက် အကျိုးရှိမည့်ခြေစမ်း ပွဲဖြစ်ကြောင်း မြန်မာအသင်းမှာ ဗီယက်နမ်၊ ထိုင်းအသင်းကဲ့သို့ပင် အာဆီယံ၏ ထိပ်သီးအသင်းတစ်သင်း ဖြစ်ကြောင်း၊ ကစားသမားများ အတွေ့အကြုံကောင်းများရရှိစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာအမျိုးသမီးအသင်းနှင့် ဟာနန်းအမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲတွင် ကွင်းဝင်ကြေးအဖြစ်အထူးတန်း ငွေကျပ် ၁၀၀၀၊ ရိုးရိုးတန်း ငွေကျပ် ၅၀၀ သတ်မှတ်ထားသည်။ မြန်မာအမျိုးသမီး အသင်းမှာ ၂၀၁၅ ခုနှစ် မတ်လအတွင်း၌ ၂၀၁၆ အိုလံပစ်ခြေစစ်ပွဲ၊ မေလအတွင်း၌ အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတို့ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။

No comments:

Post a Comment