Saturday, December 27, 2014

အစိုးရအဖွဲ့ သစ်ကာလအတွင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်များ

၁။         စီမံကိန်းများရေးဆွဲခြင်းအကောင်အထည်ဖော်နိုင်မှု အစီရင်ခံစာများ ပြုစုခြင်း
(Top- Down ) စနစ်ဖြင့် စီမံကိန်းရေးဆွဲခြင်းမှ ( Bottom-UP)  စနစ်ဖြင့် စီမံကိန်းရေးဆွဲခြင်းသို့ ပြောင်းလဲကျင့် သုံးခဲ့ပြီး ကဏ္ဍစီမံကိန်းများနှင့် ဒေသန္တရစီမံကိန်းများချိတ်ဆက်မှု စနစ်ကျစေရန် ဆောင်ရွက်လျက်ရှိပါသည်။
-ပြည်သူများ လျင်မြန်စွာရရှိခံစားစေသည့် ဦးစားပေးလုပ်ငန်းများ ဖြစ်သည့် လျှပ်စစ်မီး၊ သောက်သုံး ရေရရှိရေး၊ စိုက်ပျိုးရေး၊ အလုပ် အကိုင်ရရှိရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးလုပ် ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်လာ စေရေးကိစ္စရပ်များကို ကဏ္ဍစီမံကိန်းများနှင့် ဒေသန္တရစီမံကိန်းများ တွင် အလေးပေးရေးဆွဲရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
-စီမံကိန်း အကောင်အထည်ဖော်မှု ကိန်းဂဏန်းအချက်အလက်များ၊ ဂျီဒီပီ ကိန်းဂဏန်းများကို ပြုစုရာတွင် IMF, ADBစသည့် အဖွဲ့ များ၏တွက်ချက်မှုနှင့် ကွာဟချက်ကျဉ်းမြောင်းစေရန် ညှိနှိုင်းတွက် ချက် ဆောင်ရွက်လျက် ရှိပါသည်။
-စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင် FESR (Frame Work for Economic and Social Reform) ကိုမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်အဖွဲ့အစည်း (Myanmar Development Resources Institution )  နှင့် ပူးပေါင်း၍ ရေးဆွဲခဲ့ပါသည်။
-အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (National Comperehensive Development Plan – NCDP  ၂၀၁၁ -၂၀၁၂ ခုနှစ် မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိကို ရေးဆွဲလျက်ရှိပါသည်။
-၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အထိ ပြည်သူ ဗဟိုပြုအမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ငါးနှစ် စီမံကိန်းကိုရေးဆွဲခဲ့ပါသည်။
-၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ တင်ပြ ချက်အစီရင်ခံစာစာအုပ်ကို ပြည်ထောင်စုဝန်ကြီးဌာနများသို့ ဖြန့်ဝေ ခဲ့သည့်အပြင် အများပြည်သူဝယ်ယူနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန စာနယ်ဇင်းအရောင်းဆိုင်များတွင် ဆိုင်တင်ရောင်းချခဲ့ပါသည်။
၂။ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ထိရောက်သော နိုင်ငံခြားအကူအညီ အထောက် အပံ့ များဖြစ်ပေါ်စေရန် ဆောင်ရွက်ခြင်း
-ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများအကြား အကောင်အထည်ဖော်မည့်ဒေသနှင့် ကဏ္ဍတို့ကိုရွေးချယ်ပေးခြင်း၊ စီမံကိန်းနှင့် အစီအစဉ်များ ပုံဖော်ခြင်း၊ ပြင်ဆင်မှုများပြုလုပ်ပေးခြင်း (လူမှု/ပတ်ဝန်းကျင်အကျိုးသက်ရောက်မှု ဆန်းစစ်ချက်နှင့်စီမံကိန်း အကဲဖြတ်ခြင်း)၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ဥပဒေပိုင်းဆိုင်ရာ သဘော တူညီချက်များ ဖြည့်ဆည်းပေးခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့်လေလာခြင်း၊ အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
-စတုတ္ထအကြိမ် ဂျီအမ်အက်စ်ထိပ်သီးအစည်းအဝေး (4th GMS Summit) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ တွင် နေပြည်တော်၌လက်ခံကျင်းပနိုင်ခဲ့ပြီး ရလဒ်အနေဖြင့် ဂျီအမ်အက်စ် မဟာဗျူဟာ မူဘောင်(၂၀၁၂-၂၀၂၂) (Strategic Framework 2012-2022)  အား အတည်ပြုနိုင်ခဲ့ပါသည်။
-ပထမအကြိမ်မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက် ရေးဖိုရမ် (First Myanmar Development Cooperation Forum-1st MDCF)  ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး နေပြည်တော်သဘောတူညီချက် (Nay Pyi Taw Accord) ကို ထုတ်ပြန်ခဲ့ပါသည်။
-(၂၂)ကြိမ်မြောက် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) အား ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
-ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် Second Myanmar Development Cooperation Forum-2st MDCF) ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ "Acceleration Actions for Progress through Enhancing Inclusive Coordination" ဟူသော Theme  ဖြင့် ကျင်းပခဲ့ပြီး ထိရောက်သော ဖွံ့ဖြိုး တိုးတက်မှုပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက် (Joint Statement)  ကို ထုတ်ပြန် နိုင်ခဲ့ပါသည်။
-ဥရောပသမဂ္ဂ(အီးယူ)၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
- Republic of Korea, Japan, India, Switzerland, Russia, China စသည့် နိုင်ငံများနှင့် နှစ်နိုင်ငံပူး တွဲကော်မတီများ ဖွဲ့စည်း၍ ပူးပေါင်းမှုမြှင့်တင်သည့် လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့ပါသည်။
-UNDP, UNICEF, UNFPA,UNODC, FAO တို့နှင့် နိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ် (Country Programme)  များပူးပေါင်းရေးဆွဲ၍ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
- Aid Information Management System (AIMS)အား အကောင်အထည်ဖော်ရန် ဆောင်ရွက် လျက်ရှိ ပါသည်။
၃။ အာဆီယံရေးရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း
-(၄၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေး နှင့် အာဆီယံအသိုက်အဝန်းကောင်စီ အစည်းအဝေးများကို ၂၀၁၄ ခုနှစ် ဩဂုတ်လ၂၅ ရက်နေ့တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်း ပနိုင်ခဲ့ ပါသည်။
-စတုတ္ထအကြိမ်မြောက် အာဆီယံအသိုက်အဝန်း စာရင်းအင်းစနစ် ကော်မတီအစည်းအဝေးကို အိမ်ရှင်နိုင်ငံ အဖြစ်၂၀၁၄ခုနှစ် အောက် တိုဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပနိုင်ခဲ့ပါသည်။
-စတုတ္ထအကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြု လုပ်နိုင်ခဲ့ပါသည်။
-၂၀၁၄ ခုနှစ် မေလတွင် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးနှင့် ဆက်စပ် အစည်းအဝေး များနှင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ တွင် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတွင် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။
၎။ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်း များ မြေပြင်ကွင်းဆင်းစိစစ်ခြင်း
-၂၀၁၃ ခုနှစ် ဩဂုတ်လမှ ၂၀၁၄ ခုနှစ် မတ်လအထိ ခရိုင် (၁၈) ခရိုင်အတွင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်း (၁၅၈၃)ခု၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြေပြင်ကွင်းဆင်း စိစစ်ခဲ့ပါသည်။
-၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းစိစစ်ရေးအဖွဲ့ (၄) ဖွဲ့ဖွဲ့စည်း၍ ဝန်ကြီးဌာနများမှ ခရိုင် ၃၇ ခရိုင်အတွင်း ဆောင်ရွက် မည့်လုပ်ငန်းများနှင့် လုပ်ငန်းစီမံကိန်းများ (၁၇၆၅) ခု၏ ဆောင်ရွက် ပြီးစီးမှုအခြေ အနေများကို စိစစ်သုံးသပ်ရန် လျာထားပြီး ဇူလိုင်လမှ စတင်၍ တစ်လလျှင် (၄) ခရိုင်သို့ မြေပြင်ကွင်း ဆင်းစိစစ်သုံးသပ်လျက်ရှိပါသည်။
-၂၀၁၄ ခုနှစ် အောက်တိုဘာလအထိ ခရိုင် (၁၇) ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီ မံကိန်းနှင့် လုပ်ငန်း ၂၃၈၄ ခု၏ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မြေပြင်ကွင်းဆင်း စိစစ်ပြီးဖြစ်ပါသည်။ စိစစ်တွေ့ရှိချက်များကို လစဉ် ပြည်ထောင်စု အစိုးရအဖွဲ့ စီးပွားရေးရာကော်မတီသို့ တင်ပြလျက် ရှိပါသည်။
၅။ စာရင်းအင်းအချက်အလက်များစုစည်းရာတွင် မှန်ကန်မှုရှိစေရေး ဆောင်ရွက်ခြင်း
-ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် ရုံးချုပ်အပြင် တိုင်းဒေသကြီး နှင့် ပြည်နယ်ရုံးခွဲများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစ၍ ဖွင့်လှစ်ပြီး လူမှုစီးပွားစာရင်းများ၊ စုစည်းပြုစုခြင်းဈေးနှုန်းစာရင်းများ ကောက်ယူ ခြင်း၊ မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ စာရင်းများစုစည်းပြုစုခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
-ကုန်သွယ်မှုဆိုင်ရာ စာရင်းများအား စာရင်းအင်းကွဲလွဲမှုမရှိစေရေး အတွက် ဆက်စပ်ဌာနများပါဝင်သည့် ကုန်သွယ်မှုဆိုင်ရာ စာရင်း များ မှန်ကန်ရေး ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်မှစ၍ စနစ်တကျဆောင်ရွက်နိုင်ခဲ့ပါသည်။
-ထို့အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆိုင်ရာ စာရင်းအင်း အချက်အ လက်များ ကောက်ယူစုဆောင်းရေးနှင့် စိစစ်အကဲဖြတ်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ညွှန်ကိန်း ၇၃ ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ သုံးလ ပတ်အလိုက် စိစစ်သုံးသပ် တင်ပြလျက်ရှိပါသည်။
-ကမ္ဘာ့ဘဏ် အထောက်အပံ့ဖြင့် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး        အမျိုးသားအဆင့်မဟာဗျူဟာ  (National Strategy For Development of Statistics- NSDS) ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ အား ကမ္ဘာ့ဘဏ်နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။ စာရင်းအင်း ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့် အစီအစဉ် များအား ၂၀၁၅ ခုနှစ်တွင် အပြီးဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိပါသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF)မှ ဆောင်ရွက်လျက်ရှိသော General Data Dissemination System (GDDS)  တွင် ပူးပေါင်းပါဝင်ဆောင် ရွက်လျက်ရှိပါသည်။

ဆက်လက်ဖော်ပြပါမည်

No comments:

Post a Comment