Saturday, December 27, 2014

(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနား ၀တ်စုံပြည့် အကြိုလေ့ကျင့်မှုများ ဆက်လက် ဆောင်ရွက်


နေပြည်တော် ဒီဇင်ဘာ ၂၆
၂ဝ၁၅ ခုနှစ် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအ နား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီတွင် နေပြည်တော်ရှိ ဗိုလ်ရှုခံ မဏ္ဍပ်ရှေ့၌ ဝတ်စုံပြည့် အကြို လေ့ကျင့်မှု များကို ဆက်လက် ဆောင်ရွက် ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ပါဝင်သရုပ်ပြချီတက်အလေးပြုကြမည့် စစ်ကြောင်းများမှ ကြည်း၊ ရေ၊ လေတပ်မတော်စစ်ကြောင်းများ၊ အလံကိုင် တပ်ဖွဲ့ဝင်စစ်ကြောင်းများ၊ ဘင်ခရာတပ်ဖွဲ့ဝင်စစ်ကြောင်းများ၊ အမျိုးသား၊ အမျိုးသမီးတပ်မတော်အရာရှိ စစ်ကြောင်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စစ်ကြောင်း၊

မြန်မာနိုင်ငံကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာကိုယ်စားပြု စစ်ကြောင်းများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ကိုယ်စားပြုစစ်ကြောင်း များ၊မြန်မာနိုင်ငံ ကင်းထောက်တပ်ဖွဲ့ဝင် စစ်ကြောင်း၊ တပ်မတော် သံချပ်ကာ၊ အမြောက်နှင့်ယန္တရားစစ်ကြောင်းများက စစ်ကြောင်းများအလိုက် ဝတ်စုံပြည့်ချီ တက်အလေး ပြုလေ့ကျင့်မှုများကို ပြုလုပ်ကြသည်။

ထိုသို့မြေပြင်တွင် စစ်ကြောင်းများက ချီတက်အလေးပြု ရန် လေ့ကျင့်မှု များဆောင်ရွက်နေသကဲ့သို့ ဗိုလ်ရှုခံ အခမ်းအနားကျင်း ပမည့်နေရာ ၏ ကောင်းကင်ယံတွင်လည်း တပ်မတော်ရဟတ်ယာဉ် များနှင့်တိုက်လေ ယာဉ်များက ပါဝင်လေ့ကျင့်မှုများပြုလုပ် လျက်ရှိသည်ကို တွေ့ရှိရသည်။

No comments:

Post a Comment