Tuesday, December 30, 2014

အမှတ်(၂) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ဟားခါးမြို့၌ ဖျော်ဖြေတင်ဆက်








ဟားခါး  ဒီဇင်ဘာ   ၂၉
အမှတ်(၂) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဗိုလ်မှူးတင်ထူးဦး ဦးဆောင်သော အဖွဲ့သည် ဒီဇင်ဘာ ၂၈ ရက် ည ၇ နာရီကဟားခါးမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်ကြွမ်ဘိခ်ခန်းမ၌ ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးဇော်မင်းဦး နှင့် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ စစ်ဗျူဟာအဖွဲ့ အခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးလှိုင်နှင့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် တပ်မတော် မိသားစုဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းမိသားစုများ၊ မြို့ပေါ်ရပ်ကွက် များမှ ဒေသခံတိုင်းရင်းသား ပြည်သူများ ကြည့်ရှုအားပေး ကြသည်။ 


အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာ့ရိုးရာ ရှင်ပြုအလှူတော် တေးသရုပ်ဖော်၊ ရာမဇာတ်တော်ပြဇာတ်၊ တစ်ခန်းရပ် ဟာသပြ ဇာတ်များနှင့် နှစ်ပါးသွားအငြိမ့် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်းဦးနှင့် စစ်ဗျူဟာအဖွဲ့ အခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး စိုးလှိုင်တို့က ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment