Tuesday, December 30, 2014

ဟားခါးမြို့၌ မြို့တွင်းလမ်း တိုးချဲ့ အဆင့်မြင့်တင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ ကျပ်သိန်း(၃၀၀)ထောက်ပံ့






ဟားခါး  ဒီဇင်ဘာ  ၂၈
ချင်းပြည်နယ်၏ ဟားခါးမြို့၌ မြို့တွင်းလမ်း တိုးချဲ့ အဆင့်မြှင့်တင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ် အစိုးရဘတ်ဂျက်မှ ကျပ်သိန်းပေါင်း(၃၀၀) ထောက်ပံ့ပေးကြောင်း သိရသည်။

အဆိုပါ လမ်းတာချဲ့မှုကို ဟားခါးမြို့ရှိ ယာဉ်ကျောလမ်း သုံးပြုမှု များပြား၍ ရှုပ်ထွေးသော ဗိုလ်ချုပ်လမ်းနှင့် မတူပီလမ်းများကို မူလအကျယ် ၂၄ ပေ၊ ၃၈ ပေ တို့အား ၅၀ ပေနှင့် ၆၆ ပေ အထိ တိုးချဲ့ပေပေါင်း ၂ မိုင် ၄ ဖာလုံကို အဆင့်မြှင့်တင် တည်ဆောက်ရန် အစိုးရအဖွဲ့၏ ကြီးကြပ် လမ်းညွှန်ချက်အရ ပြည်နယ်စည်ပင် သာယာရေး ကော်မတီမှ ဒီဇင်ဘာ ၁ ရက်နေ့မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
ထိုလမ်းတိုးချဲ့မှုကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များက ဒီဇင်ဘာလကုန် အပြီး ဖောက်လုပ်မည်ဖြစ်ပြီး ပြည်နယ် ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းက ကတ္တရာခင်းခြင်းနှင့် ရေမြောင်း ဖောက်လုပ်ခြင်းများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ပြည်နယ်စည်ပင် သာယာရေးဦးစီးဌာနမှ ခေတ္တပြည်နယ်မှူး ဦးထလာဟရဲ၏ ပြောပြချက်အရ သိရှိရသည်။

No comments:

Post a Comment