Tuesday, December 23, 2014

စာရိတ္တမဏ္ဍိုင် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ဖွင့်



ချောင်းဆုံ        ဒီဇင်ဘာ         ၂၂
ချောင်းဆုံမြို့နယ် အတွင်းရှိ ကျေးလက်နေပြည်သူများ အသိပညာ တိုးပွားစေရေး အတွက် ၀ယ်လန်း ကျေးရွာ စာရိတ္တမဏ္ဍိုင် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ဖွင့်ပွဲကို ဒီဇင်ဘာ ၂၂ ရက်၊ နံနက် (၁၁း၀၀) နာရီက ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်း၊ (ပြန်/ဆက်)ဦးစီးမှူး ဒေါ်မိသူဇာနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ (ပြန်/ဆက်) ဦးစီးမှူးမှ စာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးရေး အကြောင်းကို လည်းကောင်း၊ မွေး/ကုဌာနမှ Dr. သက်နိုင်မှ စာကြည့်တိုက် ဖွင့်လှစ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို လည်းကောင်း၊ ကျေးရွာ ရပ်မိရပ်ဖ ဦးတင်အောင်က စာကြည့်တိုက် ဆောက်လုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ကျေးဇူးတင် စကားကို ပြောကြားခဲ့သည်။
ဆက်လက်စာအုပ်စာစောင်နှင့် ငွေပဒေသာပင်များ လှူဒါန်းပေးအပ်ရာ စင်ကာပူရောက် ဒါနအလင်း ဖောင်ဒေးရှင်း မိသားစုကစာအုပ်စာစောင် ကျပ်(၅)သိန်းဖိုးကို လည်းကောင်း ဦးထွန်းထွန်း မိသားစုက စာအုပ်စာစောင် ကျပ်(၅)သောင်းဖိုးကို လည်းကောင်း၊ ဒေါက်တာသက်နိုင် မိသားစုက ငွေပဒေသာပင် ကျပ်(၂)သောင်းကို လည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူသည်။
အဆိုပါ စာကြည့်တိုက်သည် အလျား၃၀ပေး၊ အနံ ၁၉ပေ၊ အမြင့် ၁၀ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ဖြစ်ပြီး ကျေးလက်ဒေသ ဆင်းရွဲနွမ်းပါး လျော့ချရေး ရံပုံငွေ(၁၅)သိန်းနှင့် ကျေးရွာရှိ စေတနာရှင် အလှူရှင်များ စုပေါင်းကာ စုစုပေါင်း အဆောက်အဦး တန်ဖိုး (၅၀၂၈၀၀၀ိ/-) ကျပ် ဖြင့် ဆောက်လုပ် ထားကြောင်း သိရသည်။

No comments:

Post a Comment