Wednesday, December 24, 2014

မိုင်းကိုင်မြို့ ၊ ရွှေမြင်ထင်မွေတော် ဘုရားအား ရွှေသင်္ကန်း ပြန်လည် ဆက်ကပ်လှူဒါန်း

မိုင်းကိုင် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ် အတွင်းရှိ ရွှေမြင်ထင်မွေတော်ဘုရားကြီးသည် ဗုဒ္စသာသနာတော် သက္ကရာဇ် ၂၃၅ ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးက ဗုဒ္စမြတ်စွာဘုရား၏ ဓါတ်တော်များကို ဌာပနာပြု၍ တည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် တန်ခိုးကြီးဘုရား တစ်ဆူဖြစ်ပါသည်။



စေတီတော်ကြီး၏ ဗုဒ္စသာသနာ အရောင်ဝါ ထွန်းလင်းစေရေးအတွက် တပေါင်းလ ဘုရားပွဲတော် မတိုင်မီမိုင်းကိုင်မြို့ အတွင်းရှိ ဗုဒ္စဘာသာအနွယ်ဝင်များ အနေဖြင့် နှစ်စဉ်နှစ်တိုင်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက် လျှက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာ၌ ယခုနှစ်တွင် စေတီတော်၏ ထီးတော်ကို ရွှေချခြင်း ၊ စေတီတော်အား ရွှေဆေးဖြင့် ရွှေသင်္ကန်း ဆက်ကပ်လှူ ဒါန်းခြင်း များ ဆောင်ရွက်မည်ဖြစ်ရာ ဒီဇင်ဘာလ ၁၁ ရက်နေ့မှစ၍ စေတီတော်အား ငြမ်းခတ်ခြင်း ၊ စိန်ဖူးတော်အား အောက်သို့ပင့်ဆောင်၍ အပူဇော်ခံထားရှိခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်ရာ ရပ်ဝေးရပ်နီးမှ ဘုရားဖူး ဧည့်သည်များ ၊ စေတနာရှင် အလှူရှင်များနှင့် စည်ကားလျှက်ရှိပါကြောင်း ကောင်းမှုကုသိုလ် ကြည်ညို သဓါပွားများနိုင်ရန် ရေးသားတင်ပြလိုက်ရပါသည်။

No comments:

Post a Comment