Tuesday, December 30, 2014

ကော့သောင်းခရိုင်၊ ၂၀၁၅ခုနှစ် နိုင်ငံတစ်ဝှမ်း ၀က်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း (Advocacy on Measles Rubeller Campain) လုပ်ငန်း အသိပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

ကော့သောင်း၊ ဒီဇင်ဘာ၃၀ရက်
ကော့သောင်းခရိုင် အတွင်း၂၀၁၅ ခုနှစ် ၊ ဇန်န၀ါရီလ နှင့် ဖေဖေါ်ဝါရီလ တွင် ပြုလုပ်မည့် နိုင်ငံတစ်ဝှမ်း ၀က်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း (Advocacy on Measles Rubeller Campain) လုပ်ငန်းအသိပေး ရှင်းလင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ၂၉ရက်နေ့ နံနက် ၁၁နာရီက ကော့သောင်းခရိုင် ၊ ပြည်သူ့ဆေးရုံကြီး ခန်းမတွင် ပြုလုပ်ကျင်းပသည်။





ရှင်းလင်းပွဲတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနေလင်းက ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း နှင့်ပတ်သက်၍ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း ၊ ပြည်သူလူထုအခြေပြု ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်း အစီအမံများနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် မြို့နယ်အတွင်းရှိ အဖွဲ့အစည်းများမှ ကမ္ဘာ့ကပ်ရောဂါအသွင် မဖြစ်ပေါ်မပျံ့ပွားရေး အမျိုးသားရေး လှုပ်ရှားမှုတစ်ရပ် အဖြစ် အတူတကွ ပါဝင်ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရေး အကျယ်တ၀င့် ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment