Tuesday, December 30, 2014

ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ၌ ဘိန်းစာမှုန့်များဖမ်းဆီးရမိ

ကျွန်းစု ဒီဇင်ဘာ ၂၉ ရက်
ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ၌ ဒီဇင်ဘာလ(၂၈)ရက် ညနေ(၃)နာရီက ကျေးရွာအရှေ့ပိုင်းရေဆိပ်တွင် မသင်္ကာဖွယ်လှေတစ်စီးအား သတင်းအရ ရှာဖွေရာ ဘိန်းစာမှုန့်ဟုယူဆရသော စိမ်းဝါရောင်အမှုန့်များ ဖမ်းဆီးရမိကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ကံမော်နယ်မြေ စခန်းမှူး ရဲအုပ်သောင်းစိုးနှင့် အဖွဲ့သည် သက်သေများလိုက်ပါလျက် သတင်းအရ ကံမော်ကျေးရွာ အရှေ့ပိုင်း ရေဆိပ်တံတားတွင် မသင်္ကာဖွယ်လူနှစ်ဦးနှင့် လှေတစ်စီးရောက်ရှိနေကြောင်း သိရ၍ သွားရောက်စစ်ဆေးရာ အလျား(၂၆) ပေ၊ အနံ(၄)ပေရှိ လှေတစ်စီးတွင် ကျွန်းစုမြို့နယ် မဲတောကျေးရွာနေသူ သန်းနိုင်ဦးနှင့် ကျွန်းစုမြို့နယ် ကံမော်ကျေးရွာနေသူ ခင်ဇော်(ခ)ဖိုးဇော်တို့အား တွေ့ရှိ၍ စစ်ဆေးရာ လှေပေါ်တွင် ဆားအိတ်အဖြူအတွင်းမှ ပလပ်စတစ်အိတ်ငယ်ဖြင့် ထည့်လျက် တစ်ထုတ်လျင် (၇၀)ဂရမ်ခန့်ပါ ဘိန်းစာမှုန့်ဟု ယူဆရသော စိမ်းဝါရောင်အမှုန့်ထုတ် (၁၉၅)ထုတ်၊ စုစုပေါင်းအလေးချိန် (၁၃.၆၅)ကီလိုဂရမ်၊ စုစုပေါင်းကာလတန်ဖိုး (၇၇၈၀၅၀ိ/-)အား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကံမော်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment