Thursday, November 27, 2014

မြန်မာ-ရုရှားနှစ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်မှု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် လက်မှတ်ရေးထိုး


နေပြည်တော် နိုဝင်ဘာ ၂၆
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေး ကောင်စီဝန်ကြီးနီကိုလိုင်၊ ပီ၊ပက်ထရစ်ရှက်ဖ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ နေပြည်တော် ရုံးအမှတ် (၃၈) ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမသို့ ယနေ့ ညနေ ၃ နာရီတွင် လာရောက် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ် များကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြပြီး မြန်မာနိုင်ငံ မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ
မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာနတို့အကြား မြန်မာ-ရုရှား နှစ်နိုင်ငံမူး ယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်မှုပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်ကို မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်း ရေးမှူး ရဲမှူးချုပ် ကျော်ဝင်း နှင့် ရုရှားနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန First Deputy Director Mr. Vladimir A. Kalanda တို့ လက်မှတ် ရေးထိုးခဲ့ကြသည်။

No comments:

Post a Comment