Tuesday, October 28, 2014

ပြည်သူများ စာအုပ်များ အခမဲ့ ဖတ်ရှုနိုင်ရန် Public Digitel Library Service စက်များမုံရွာ မြို့ နေရာ အနှံ့အပြားတွင် စတင်တပ်ဆင်

မုံရွာ အောက်တိုဘာ(၂၉)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ လူစည်ကားရာ နေရာများတွင် စာပေဝါသနာရှင်များ အလွယ်တ ကူဖမ်းယူ ဖတ်ရှုနိုင်သော Public Digitel Library Service  စက်များကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မုံရွာမြို့မှ လိုက်လံ တပ်ဆင်ပေး လျက်ရှိကြောင်း သိရသည်။



အဆိုပါ Public Digitel Library Service စက်များကိုမုံရွာမြို့ ကုန်စည်ဒိုင်တွင်ယခုနှစ်ဇွန်လ (၅)ရက်နေ့တွင် တပ်ဆင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မုံရွာတက္ကသိုလ်၊ မုံရွာ စီးပွားရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မုံရွာ)၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ မုံရွာပညာရေးကောလိပ်၊ ဆုတောင်းပြည့်ဘုရားဝင်း အတွင်းရှိ ပိဋကတ်စာကြည့်တိုက်၊ အနောက် မြောက် တိုင်းစစ်ဌာနချုပ်ရုံး၊ ချောင်းဦး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး အပါအဝင် မုံရွာခရိုင် အတွင်းရှိနေရာ(၉)နေရာတွင်တပ် ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
Public Digitel Library Service  စက်တွင် Download Access နှင့် Read only Access  ပြုလုပ် ပြီးဖတ်ရှုနိုင်သော စာအုပ်ပေါင်း (၆ဝဝဝ)ပါဝင်ပြီး ၄င်းစက်သည် မီတာ (၆၅ဝ)ပတ်လည်တွင် Mobile phone  နှင့် Tablet  များဖြင့် အလွယ်တကူ ဖမ်းယူဖတ်ရှု နိုင်ကြောင်းနှင့် အဆိုပါ စက်မှ စာအုပ်များ အခမဲ့ ဖတ်ရှုနိုင်ရေး အဆင်ပြေစေရန် လမ်းညွှန် ဗီနိုင်းပိုစတာများ ကပ်ပေးထားခြင်း၊ ပြန်/ဆက်ဝန်ထမ်းများမှ အသုံးပြုပုံအား ပြသပေးခြင်း၊ အသုံးပြုနည်း လက်ကမ်းစာစောင် များ ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment