Tuesday, October 28, 2014

လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အသိပညာပေး ဟောပြော ပွဲကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ ၂၈
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအချိန်ထိ မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် အမှတ်(၁၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး




ရဲတပ်ဖွဲ့စု(မန္တလေး)မှ ဒုတိယရဲအုပ် သက်ထွန်း ဝင်း၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ ရဲအုပ် သိန်းဇော်၊ လူမှုဖွံ့ဖြိုးရေး ရှေ့ဆောင်အသင်း(ရန်ကုန်)မှ ဒါရိုက်တာ ဒေါ်ဖြူစင်ငွေသော်တို့က လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု အကြောင်း သိကောင်းစရာများ၊ ရွှေ့ပြောင်းသွားလာခြင်းမှ လူကုန်ကူးခံရတတ်ပုံများ အကြောင်း၊ လူကုန်ကူးမှု ဥပဒေ အကြောင်း သိကောင်းစရာများ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်နှင့် ကလေးသူငယ် ဥပဒေအကြောင်း၊ အသက်မွေးဝမ်းကြောင်းပညာအခမဲ့သင်ကြားပေးမည့် အစီ အစဉ်များအား အသိပညာပေး ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ကလေးသူငယ်/လူငယ်များ၊ စုစုပေါင်း (၁၀၀)ဦးတို့ အား ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment