ရန်ကုန် အောက်တိုဘာ
၁၃
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး
ဦးပိုက်ထွေးသည် ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ ငါးထပ်ကြီး ဘုရားလမ်းရှိ ပုံနှိပ်ရေးနှင့်
စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဖိုသိုလစ်သို ပုံနှိပ်စက်ရုံ၌ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ
ပုံနှိပ် ထုတ်လုပ်မှုအခြေအနေနှင့် စက်ရုံဝင်း အတွင်း ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး
လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာနမှ
အပ်နှံထားသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ အရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ပေးထားသည့်
သိုလှောင်ရုံများသို့ အချိန်မီပို့ဆောင်ရေး၊ မီးဘေးလုံခြုံမှု အပါအဝင် လုံခြုံရေးကိစ္စများ
ဂရုပြု ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ တည်ဆောက်ရေး လုပ်ငန်းများ
သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အရည်အသွေးပြည့်မီရေး၊ ငွေကြေးသုံးစွဲရာတွင် လုပ်ထုံးလုပ်
နည်းနှင့်အညီ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းအတိုင်း စနစ်တကျသုံးစွဲရေး၊ ဝန်ထမ်းများသည် နိုင်ငံတော်
သမ္မတကြီး၏ ပြည်သူဗဟိုပြုမူဝါဒနှင့်အညီ ပြည်သူလူထုအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေး သွားကြရေး၊
ပေးအပ်သောတာဝန်များကို ပြီးမြောက်အောင်မြင်အောင် အချိန်မီ ဆောင်ရွက်နိုင်ရေးတို့နှင့်
စပ်လျဉ်း၍မှာ ကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် အောက်တို ဘာ ၇ ရက်က မန္တလေးရှိ
ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းစက်ရုံ သို့သွားရောက်စစ်ဆေးပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များကို
သတ်မှတ် ကာလအပြီး အရည်အသွေး ပြည့်မီစွာဖြင့် ထုတ်လုပ်နိုင်ရေး စီမံဆောင် ရွက်သွားကြရန်
မှာကြားခဲ့ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment