Tuesday, October 14, 2014

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဩစတြေးလျ နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဟောင်းအား လက်ခံ တွေ့ဆုံ


နေပြည်တော်  အောက်တိုဘာ  ၁၃
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဩစတြေးလျ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ ဩစတြေးလျအမျိုးသား တက္ကသိုလ်ပါမောက္ခချုပ် မစ္စတာ ဂရက်ဂျွန်အီဗန် ဦးဆောင်သောအဖွဲ့အား ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော် ရုံးမှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

No comments:

Post a Comment