Tuesday, October 28, 2014

သုဝဏ္ဏ၀တီမြို့တွင် သိမ်ဆိပ်-၂- ဒေသန္တရကျန်းမာရေး ဌာနခွဲသစ် ဖွင့်လှစ်

သထုံ၊  အောက်တိုဘာ၊  ၂၈
သထုံမြို့နယ်၊ သုဝဏ္ဏ၀တီမြို့၊ သိမ်ဆိပ်ရပ်ကွက်မှ ဒေသခံများအတွက် လိုအပ်သော ကျန်းမာ ရေး ဆိုင်ရာ စောင့်ရှောက်မှု များပေးနိုင်မည့် သိမ်ဆိပ်-၂-ဒေသန္တရကျန်းမာရေးဌာနခွဲ အဆောက်အဦ သစ်ကို အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၉ နာရီခွဲက စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ယင်း အဆောက်အဦအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ
 


လှဦး၊ ပြည်နယ် ကျန်းမာရေး ဦးစီးဌာန မှူး ဒေါက်တာသန်းထွန်းအောင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အဆာက်အဦ ဖွဲ့စည်းတည်ဆောက်ထားရှိမှုများအား တာဝန် ရှိသူတို့က လိုက်လံ ကြည့်ရှုသည်။ အခမ်းအနား တွင် ပြည်နယ် လူမှုရေးဝန်ကြီးက အစဉ်ဖွံ့ဖြိုး တိုးတက်ပြီး အရည် အချင်း ပြည့်ဝစွာဖြင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက် မှုများ ပေးအပ် နိုင်စေရန်အတွက် ဒေသခံများကပါ ပူးပေါင်းထိန်းသိမ်းကြစေရေးကို အမှာစကားပြောကြားပြီးတာဝန်ယူ တည်ဆောက်ခဲ့သည့် ရွှေနဒီဖူးပွင့်ခင် ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးအေးလွင် က အဆောက်အဦနှင့် ပတ်သတ်သည်တို့ကို လွှဲပြောင်း ပေးအပ်ရာ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူတို့က လက်ခံရယူသည်။ ယင်းနောက် ဒေသခံ တစ်ဦးဖြစ်သူ ဦးမြင့်အောင် က ယခု တည်ဆောက်ပေးခဲ့သော ကျန်းမာရေး ဌာနခွဲကြောင့် မိမိတို့ဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များ၊ မွေးဖွားပြီးမိခင်များအတွက် လုံခြုံ ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အသက် တစ်နှစ်မှ ငါးနှစ်အထိ ကလေးငယ်များ အတွက် ကာကွယ်ဆေးထိုးနှံခြင်း၊ ဖြည့်စွက် အဟာရများ ရရှိစေခြင်း စသည်တို့အပြင် အခြားသော ရောဂါ အမျိုးမျိုးအတွက် လွယ်ကူစွာ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိလာတောမည်ဖြစ်၍ အထူးပင် ၀မ်းမြောက်ပါကြောင်း ကျေးဇူး တင်စကားပြောကြားသည်။ အဆိုပါ ကျေးလက်ကျန်းမာရေး ဌာနခွဲကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၆၀၀ ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ သထုံမြို့နယ်အတွင်းရှိ ကျေးလက် ကျန်းမာရေး ဌာနခွဲ ၂၉ ခုအနက် တစ်ခုဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

No comments:

Post a Comment