Wednesday, October 29, 2014

ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံက နည်းပညာအကူအညီများ ပေးအပ်သွားရေးဆွေးနွေး




နေပြည်တော် အောက်တိုဘာ ၂၈
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဂျီနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံ အတွင်းရေးမှူးချုပ် မစ္စတာ မူခီဆာ ကီတူရီနှင့် ညွှန်ကြားရေးမှူး မစ္စတာ တက်ဖဲတက် စဖာချူးတို့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးခင် မောင်အေး၊ ဒေါက်တာဇော်မင်းအောင်နှင့် ဒေါက်တာ စန်းလွင်တို့တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ စာရင်းမှ လွတ်မြောက်ရေးအတွက် ဝင်ငွေနိမ့်ကျမှု စံသတ်မှတ် ချက် (Gross National Income) လူသားအရင်းအမြစ် စံ သတ်မှတ်ချက် (Human Assets Index) စီးပွားရေးထိခိုက်လွယ်မှု စံသတ်မှတ်ချက် (Economic Vulnerability Index) စသည့်စံညွှန်းကိန်းသတ်မှတ် ချက်များအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များ အကောင်အထည်ဖော်ရာတွင် ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံက နည်းပညာအကူအညီများ ပေးအပ် သွားရေးဆိုင်ရာများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment