Tuesday, October 28, 2014

၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာ ၂ဝ ရက်မှ ၂၆ ရက်အထိ တစ်ပတ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု

နေပြည်တော်၊ အောက်တိုဘာ ၂၈
၂ဝ၁၄ ခုနှစ်၊  အောက်တိုဘာ ၂ဝ ရက်မှ ၂၆ ရက်အထိ တစ်ပတ်အတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဘိန်း ၆ မှု အလေးချိန် ၁ဝ ဒဿမ ၂၃၆၉ ကီလို၊ ဘိန်းဖြူ ၄၅ မှု အလေးချိန် ဝ ဒဿမ ၂၂၆၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၇
မှု ဆေးပြားအရေအတွက် ၂၆ယ၅၁၁ ပြား၊ အဆင့်နိမ့်ဘိန်း ၄ မှု အလေးချိန် ဝ ဒဿမ ၅၇၁ ကီလို၊ ဘိန်းဆီခဲ ၃ မှု အလေးချိန် ဝ ဒဿမ ၅၃၈၅ ကီလို၊ ဆေးခြောက် ၄ မှု အလေးချိန် ဝ ဒဿမ ၂၅၉ ကီလို၊ ဘိန်းဆီရည် ၃ မှု အလေးချိန် ၆ ဒဿမ ၉၂ လစ်တာ၊ ဘိန်းစာမှုန့် ၃ မှု အလေးချိန် ၇၄ ဒဿမ ၃၁၁ ကီလို၊ ဟိုက်ဒြိုကလိုရစ်အက်စစ် ၁ဝ လစ်တာ၊ မှတ်ပုံတင်ပျက် ၃ မှု၊ အမှုပေါင်း ၁၂၁ မှု ဖမ်းဆီး ခဲ့ရာတွင် အမျိုးသား တရားခံ ၁၆၂ ဦး၊ အမျိုးသမီး တရားခံ ၁၉ ဦး၊ စုစုပေါင်း တရားခံ ၁၈၁ ဦး တို့အား ဥပဒေအရ အရေးယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment