ရန်ကုန် အောက်တိုဘာ
၁၃
အောက်တိုဘာ ၈ ရက်မှ ၁၂ ရက်အထိ စင်ကာပူနိုင်ငံတွင်
ကျင်းပမည့် အရှေ့တောင်အာရှ ကနူးလှေ လှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်နှင့်
ပြိုင်ပွဲကာလအတွင်း အောက်တိုဘာ ၁၀ ရက်တွင် ကျင်းပမည့် အရှေ့တောင်အာရှ ကနူးလှေလှော်အဖွဲ့ချုပ်
ကွန်ဂရက်သို့ တက်ရောက်ရန် မြန်မာလှေလှော် အားကစားအဖွဲ့သည် အောက်တိုဘာ ၉ ရက်တွင် စင်ကာပူနိုင်ငံသို့
ထွက်ခွာခဲ့ပြီး စင်ကာပူနိုင်ငံ Canoe Sport Central ၌ အောက်တိုဘာ ၁၀ ရက် ညနေ ၇ နာရီတွင် ကျင်းပသော Southeast
Asian Games Federation Congress အစည်းအဝေးသို့
တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင်
ဥက္ကဋ္ဌဖြစ်သူ Mr. Yapkwam Guam က အဖွင့်အမှာစကား ပြောကြားပြီး
မြန်မာကိုယ်စားလှယ်အဖွဲ့က အမျိုး သား ကယက် လေးယောက်လှော် (MK 4) မီတာ ၂၀၀ ပွဲစဉ်ကို မြန်မာ နိုင်ငံအနေဖြင့် ပယ်ဖျက်မပေးနိုင်ကြောင်း
အဓိကဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြန်မာ၊ အင်ဒိုနီးရှား၊
ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက် နမ်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံ တို့မှ ကနူး/ကယက် လှေလှော်
အဖွဲ့ချုပ် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
နံနက် ၈ နာရီတွင် ကနူး/ ကယက်လှေလှော်ပြိုင်ပွဲကို
Maraina Reservoir ၌ ကျင်းပရာ ပြိုင်ပွဲတွင်
မြန်မာအားကစားအဖွဲ့က ကနူးလှေလှော်ပြိုင်ပွဲ၌ ရွှေတံဆိပ် ခြောက်ခု၊ ကယက်လှေလှော်ပြိုင်ပွဲ
တွင် ရွှေတံဆိပ်နှစ်ခု စုစုပေါင်း ရွှေတံဆိပ်ရှစ်ခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်ငါးခုရရှိခဲ့ရာ
မြန်မာ အားကစားအဖွဲ့ ခေါင်းဆောင်နှင့် မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ
ပါမောက္ခဒေါက်တာသန်းတိုး၊ အထွေထွေအတွင်းရေးမှူး ဦးဖေဝင်းတို့က ဆုများကို ချီးမြှင့်ပေးခဲ့သည်။
မြန်မာလှေလှော် အားကစား အဖွဲ့သည် နိုင်ငံအလိုက်
အဆင့်နှစ် ရရှိခဲ့ကြောင်း၊ အောင်ပွဲရ မြန်မာ လှေလှော်အဖွဲ့သည် အောက်တိုဘာ၁၃ ရက် ညပိုင်းက
လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာကြောင်းသတင်းရရှိသည်။
No comments:
Post a Comment