Wednesday, October 29, 2014

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၌ စက်ရေတွင်းများ တူးဖော်လျှက်ရှိ

မုံရွာ အောက်တိုဘာ ၂၈
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ခြောက်သွေ့ရပ်ဝန်းတွင် ပါဝင်သော စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သောက်သုံးရေရရှိရန် ခက်ခဲသော ကျေးရွာများ၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ရန်ပုံငွေ၊ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေတို့ဖြင့် စက်ရေတွင်းများ တူးဖော်ခြင်းကို တိုင်းဒေသကြီး ရေအရင်းအမြစ်အသုံး ချရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် စတင်ဆောင်ရွက်နေ ပြီဖြစ်ရာ စုစုပေါင်း စက်ရေတွင်း ၁၇၇ တွင်းကို တူးဖော်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။


ထိုသို့တူးဖော်ရာတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ၁၆၉ တွင်းကို တူးဖော် မည်ဖြစ်ရာ ယခုလောလောဆယ်တွင် ဧက ၄၀ အကျိုးပြုမည့် အရာတော် မြို့နယ် ရွှေတွင်းကုန်းကျေးရွာတွင် စက်ရေတွင်းတစ်တွင်း တူးဖော်ပြီး ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ဧက ၁၉၀ အကျိုးပြုမည့် မြေအောက်ရေတွင်း ရှစ်တွင်းကိုလည်း တူးဖော်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုင်းဒေသကြီးရန်ပုံငွေ၊ ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေတို့ဖြင့် တူးဖော်ပေးမည့်မြေအောက်ရေတွင်း ၁၇၇ တွင်းသည် အရာတော်၊ ဒီပဲ ယင်း၊ ပုလဲ၊ ဘုတလင်၊ ခင်ဦး၊ ဆားလင်းကြီးနှင့် ရွှေဘိုမြို့နယ် (၇)မြို့နယ် တို့မှ ကျေးရွာပေါင်း ၁၇၄ ရွာတွင် တူးဖော်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
"၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် တိုင်းဒေသကြီးအတွင်းက မြို့နယ် ခုနစ်မြို့နယ်မှာ မြေအောက် ရေတွင်းပေါင်း ၁၇၇ တွင်းကို တိုင်း ဒေသကြီးအစိုးရရန်ပုံငွေ၊ ဆင်းရဲမှု လျှော့ချရေးရန်ပုံငွေတွေနဲ့ ဆောင် ရွက်တူးဖော်ပေးမှာ ဖြစ်ပါတယ်။
အခုရွှေတွင်းကုန်းရွာတစ်တွင်းတော့ ပြီးသွားပါပြီ။ ကျန်တဲ့တွင်းတွေကို သတ်မှတ်ထားတဲ့အတိုင်း အပြီး ဆောင်ရွက်ပေးဖို့ ရှိပါတယ်"ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်း အမြစ်အသုံးချရေးဦးစီးဌာန တာဝန် ရှိသူ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်က ဆင်းရဲမှုလျှော့ချရေးရန်ပုံ ငွေဖြင့် စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ မုံရွာ၊ ချောင်းဦး၊ အရာတော်၊ ဘုတလင်၊ ဆားလင်းကြီး၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ရေဦး၊ တန့်ဆည်၊ ထီးချိုင့်၊ ကောလင်း၊ ဝန်းသို၊ ကသာ၊ မင်းကင်းစုစုပေါင်း မြို့နယ် ၂၀ မှ စိုက်ပျိုးဧက ၁၈၃၀ ကို အကျိုးပြုစေသည့် မြေအောက်ရေ တွင်းပေါင်း ၁၈၃ တွင်းကို တူးဖော် ပေးနိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment