Wednesday, October 29, 2014

မြန်မာ-တရုတ်နှစ်နိုင်ငံ အစား ထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လေ့လာရန် ညှိနှိုင်းအစည်းအဝေးကျင်းပ




လာရှိုး  အောက်တိုဘာ  ၂၈
မြန်မာ-တရုတ်နှစ်နိုင်ငံ အစား ထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လေ့လာနိုင်ရန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောက်တို ဘာ ၂၈ ရက် နံနက် နာရီက လားရှိုးမြို့ Golden Hill Hotel  အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံမူးယစ်ဗဟိုအဖွဲ့၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ရဲတပ်ဖွဲ့မှူးရုံး ဌာနမှူး(စီမံကိန်းဌာန) ရဲမှူးကြီးဇော်လင်းထွန်းက ရှမ်းပြည် နယ်(မြောက်ပိုင်း)တွင် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း ကွင်းဆင်း လေ့လာ ဆောင်ရွက်မှုများနှင့် ခရီး စဉ်အခြေအနေများကို ရှင်းလင်း ဆွေးနွေးပြီး တရုတ်နိုင်ငံ အမျိုးသား
မူးယစ်ဆေးဝါးထိန်းချုပ်ရေး ကော်မရှင် (National Narcotics Control Commission-NNCC) မှ ဒုတိယ ညွှန်ကြားရေးမှူး Miss Qian Li Sha က လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကိုယ်စားလှယ်များက သိရှိလိုသည့် အချက်များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သော တရုတ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ကွတ်ခိုင် မြို့နယ် ကောင်းခါးနှင့်တာမိုးညဲမြို့နယ်များရှိ ကျေးရွာများသို့ ကွင်းဆင်းလေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment