Wednesday, October 29, 2014

ပအိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ဘိန်းခင်းများဖျက်ဆီး

ဟိုပုံး အောက်တိုဘာ ၂၈
နိုင်ငံအသီးသီးတွင် ရင်ဆိုင်နေရသည့် စီးပွားရေး၊ လူမှုရေး၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အန္တရာယ် ပြုနေသော မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ် ဆောင်ရွက် လျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး မြို့နယ်အတွင်းရှိ ဘိန်းစိုက်ပျိုးသည့် ကျေးရွာများသို့ ဘိန်းခင်းများဖျက်ဆီးရန် ဟိုပုံးမြို့နယ်
 

ရဲတပ်ဖွဲ့မှူးရဲမှူး မောင်မောင်ဝင်း ဦးစီးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်း ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့မှ တာဝန်ရှိ ဝန်ထမ်း များပါဝင်သည့် ပူးပေါင်း ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့သည် အောက်တိုဘာ ၁၇ ရက်မှ စတင်၍ ဟိုပုံး မြို့နယ် အတွင်း ဆောင်ရွက် လျက်ရှိသည်။
ပူးပေါင်းဘိန်းခင်း ဖျက်ဆီးရေးအဖွဲ့သည် ဖက်ရမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဟွေ့ရေခေါက်ရွာသူကြီးနှင့် ရွာသားအင်အား များဖြင့် ပူးပေါင်း၍ အမြင့် ၁ ပေနှင့် ၁ ပေခွဲခန့်ရှိ ဖွံ့ဖြိုးဆဲဘိန်းခင်းများနှင့် သီးပွင့်ဆဲ ဘိန်းခင်းများကို ဖျက်ဆီးခဲ့ရာ ၁၀ ရက်တာကာလအတွင်း စုစုပေါင်း ဘိန်းခင်း ဧက ၇၈၀ ဖျက်ဆီးနိုင်ခဲ့ပြီး ဘိန်းစိုက်ပျိုးသည့် တောင်သူများကိုလည်း မြို့နယ် ရဲတပ်ဖွဲ့မှူးက အသိပညာ ပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျန်ရှိနေသည့် ဘိန်းခင်းများကိုလည်းဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment