Wednesday, October 29, 2014

နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော်ဖွင့်ပွဲ ကျင်းပ ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံတို့တွင် နိုဝင်ဘာ ၂ ရက် အထိပြသမည်

ရန်ကုန် အောက်တိုဘာ ၂၈
ပထမဆုံးအကြိမ် နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံတွင် ယနေ့ ညပိုင်းက ကျင်းပခဲ့ရာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E.Mr. Thierry Mathou၊ ပြင်သစ်သံရုံး၊ ပြင်သစ်ယဉ်ကျေးမှု ဌာန အကြီးအကဲ Mr.Charles Bonhomme၊ ရန်ကုန် တိုင်းဒေ


သကြီး အစိုးရ အဖွဲ့ဝင် ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မြန်မာ့ ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာ နမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရုပ်ရှင် အစည်းအရုံးအမှုဆောင်များ၊ နိုင်ငံခြားသံရုံးများမှ ဖိတ်ကြား ထားသူများ၊ ရုပ်ရှင် အနုပညာရှင်များ၊ မင်္ဂလာကုမ္ပဏီအုပ်စုနှင့် ရုပ်ရှင် ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေး ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားမတိုင်မီ ဒုတိယ ဝန်ကြီးဦးပိုက်ထွေးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်သံအမတ်ကြီးတို့သည် နှစ်နိုင်ငံ ရုပ်ရှင်လုပ် ငန်းဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြ သည်။
အမှတ်တရဟု အမည်ပေးထားသော နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ် ပွဲတော်တွင် အမေရိကန်၊ မွန်ဂိုးလီးယား၊ ပြင်သစ်၊ ဂျပန်နှင့် အင်္ဂလန် စသောနိုင်ငံများမှ ရှေးဟောင်း ရုပ်ရှင် ကိုးကားကို အောက်တိုဘာ၂၈ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ခြောက် ရက်ကြာ ပြသသွားမည်ဖြစ်ပြီး အခမဲ့ကြည့်ရှု နိုင်ကြောင်းသိရသည်။

No comments:

Post a Comment