Wednesday, October 29, 2014

မြန်မာ ယူ-၁၉ အသင်းမှ သန်းပိုင်အား ဂုဏ်ပြုပွဲအခမ်းအနား သီပေါမြို့၌ကျင်းပ




သီပေါ   အောက်တိုဘာ  ၂၈
ယူ-၂၀ ကမ္ဘာ့ဖလားဝင်ခွင့်ရရန် အောင်နိုင်ဂိုးသွင်းခဲ့သည့် ရှမ်းပြည် နယ် (မြောက်ပိုင်း) သီပေါမြို့၌ နေထိုင်သော မြန်မာ့ဂုဏ်ဆောင် ဘောလုံးအားကစားသမား မြန်မာ ယူ-၁၉ အသင်း ကျောနံပတ်(၁၁) သန်းပိုင်အား ဂုဏ်ပြုပွဲ အခမ်းအနားကို အောက်တိုဘာ ၂၇ ရက် မွန်းလွဲ နာရီက မြို့နယ်အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ မန္တလေးအသင်း (သီပေါ)မှ ဂုဏ်ပြုဆုငွေကျပ် ၁၀သိန်း၊ ရန်ကုန်အသင်း(သီပေါ)မှ ငွေကျပ် ငါးသိန်း၊ ဌာနဆိုင်ရာများမှ ငွေကျပ် ၄၅၀၀၀၀၊ ရပ်ကွက်၊ ကျေး ရွာအုပ်စုများမှ ငွေကျပ် ၃၅၀၀၀၀၊
မြန်မာရပ်ကွက်မှ ငွေကျပ် ၂၀၀၀၀၀ နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ငွေကျပ် ၃၀၀၀၀ စုစု ပေါင်း ငွေကျပ် ၂၅ သိန်းကို မြန်မာ့ ဂုဏ်ဆောင် ဘောလုံးအားကစားသမား သန်းပိုင်ကို အစု၊ အဖွဲ့အလိုက်ဂုဏ်ပြုငွေ များ ပေးအပ်ကြသည်။

No comments:

Post a Comment