Monday, October 27, 2014

မြို့နယ်ကြက်ခြေနီအသင်းနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းကြက်ခြေနီသင်တန်းဆင်းပွဲကျင်းပ


ပုသိမ်   အောက်တိုဘာ  ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် တကုန်းကြီးကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း ပါရမီခန်းမ၌ အောက်တိုဘာ ၂၆ ရက်နံနက် (၀၉း၀၀)နာရီတွင် မြို့နယ် ကြက်ခြေနီအသင်းနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကြက်ခြေနီရှေးဦးပြုစုသင်တန်းကို အောက်တိုဘာလ (၉)ရက်မှ  (၁၄) ရက်နေ့ အထိ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ဒါးကကျေးရွာ၊ တကုန်းကြီးကျေးရွာ၊ ဆတ်ကွင်းကျေးရွာ၊ ဘဲဂရက် ကျေးရွာတို့မှ ကျောင်းသားကျောင်းသူ (၂၈၄)ဦးတို့အား ကျောင်းတွင်းနှင့် ကျောင်းပြင်ပ မြို့နယ်အဆင့်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲသို့ ကန်ကြီးထောင့်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူး၊ မြို့နယ်ကြက်ခြေနီတပ်ရင်း ဒုတိယတပ်ရင်းမှူး ဦးမန်းကြည်ရွင်နှင့် သင်တန်းသူ/သားများ တက်ရောက်ကြသည်။
မြင့်ဟန် (တိုင်းဒေသကြီး ပြန်/ဆက်)

No comments:

Post a Comment