Monday, October 27, 2014

ပုဗ္ဗသီရိမြို့နယ်၊ သစ်ယာကုန်းကျေးရွာ၌ ကတ္တရာလမ်းသစ်ဖွင့်

နေပြည်တော် - အောက်တိုဘာ - ၂၇
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သစ်ယာကုန်းကျေးရွာ ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ(၂၇) ရက် နံနက်က အဆိုပါလမ်းထိပ်ရှိမင်္ဂလာနေရာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးသန်းဌေး၊ ဦးကံချွန်၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးသန်းကျော်ထူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးသန်းဌေးက နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးထားမှု အခြေအနေများအား ရှင်းလင်းအမှာစကား ပြောကြားသည်။
ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ညွှန်ကြားရေးမှူး (အင်/ယာ) ဦးအောင်မိုးက ပုဗ္ဗသီရိမြို့နယ်၊ သစ်ယာကုန်းကျေးရွာ အဝင်လမ်း ကတ္တရာလမ်းသစ်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု များအား ရှင်းလင်းတင်ပြပြီး ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ကျော်သိန်းမှကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် ပုဗ္ဗသီရိမြို့နယ်၊ သစ်ယာကုန်းကျေးရွာ အဝင်လမ်း ကတ္တရာလမ်းသစ်အား နေပြည်တော် ကောင်စီဝင် ဦးသန်းဌေး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမျိုးအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးတို့က ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဧည့်သည်တော်များသည် ပုဗ္ဗသီရိမြို့နယ်၊ သစ်ယာကုန်းကျေးရွာ ကတ္တရာလမ်းသစ်အား ဖြတ်သန်း ကြည့်ရှုကြသည်။

ယနေ့ဖွင့်လှစ်သည့် ပုဗ္ဗသီရိမြို့နယ်၊ သစ်ယာကုန်းကျေးရွာ အဝင်လမ်း ကတ္တရာလမ်းသည် အရှည် (၁၉၀၀)ပေရှိပြီး ကျေးရွာနေပြည်သူများအနေဖြင့် သွားလာရန်ခက်ခဲမှုများရှိခြင်းကြောင့် ယခင်မြေသား လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ကတ္တရာလမ်းသစ် ဖောက်လုပ်ပေးခြင်းအတွက် ပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အဆင်ပြေချော မွေ့စွာ ဆောင်ရွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment