Monday, October 27, 2014

အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲကျင်းပ

ကြို့ပင်ကောက် အောက်တိုဘာ(၂၇)
 ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်၊ မီးသတ်ဖွဲ့စခန်းတွင် အရန်မီးသတ် တပ်ဖွဲ့ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၃/၂၀၁၄)ကို (၇-၁၀-၂၀၁၄) မှ (၁၈-၁၀-၂၀၁၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ရာ မြိုကပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အရန်မီးသတ်သင်တန်းသား (၁၀၀)ဦးတက်ရောက်ခဲ့ကြသည်။

မြို့နယ်မီးသတ်ဦးစီးမှူးရဲကျော်စွာဖြူဝင်းက ‘‘ကျွန်တော်တို့သင်တန်းတွေ ဖွင့်လှစ်ပို့ချပေးရ တဲ့ရည်ရွယ်ချက်များ ကတော့ ပွင့်လင်းရာသီရောက်လာပြီ၊  မီးဘေးကို ကြိုတင်ကာကွယ်ဖို့ အရေးကြီး သလို မီးလောင်မှုဖြစ်ပွားရင်လည်း   အမြန်ဆုံးမီးငြိမ်းသတ်နိုင်ဖို့ ကျွမ်းကျင်တဲ့ အရန်မီးသတ်တပ်ဖွဲ့ ဝင်တွေပေါ်ထွက်လာဖို့ ရည်ရွယ်ပါတယ်” ဟုပြောပြ သည်။

“အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ၀တ်စုံပြည့်လေ့ကျင့်နေတာတွေ့ရလို့ အရမ်းဝမ်းသာတယ်။ အဲဒီလိုသင် တန်းတွေမှာ မီးသပ်တပ်ဖွဲ့ဝင်တွေချည်ဘဲ မဟုတ်ဘဲ စေတနာ၊ ဝါသနာပါတဲ့ပြည်သူတွေလည်း ပါသင့်တယ်လို့ထင်တယ်။ ဘာပြုလို့လဲဆိုတော့ မီးလောင်မှုဖြစ်ပွားရင် ပြည်သူတွေက အရင်ဆုံးထိတွေ့ ရတာ အဲဒါကြောင့်ပြည်သူတွေပါ ပါသင့်တယ်လို့ထင်တယ်” ဟု အလင်းသစ်ကွန်ပျူတာဆိုင်မှ ကိုချစ်ကိုသက် မှ ပြောကြားသွားသည်။

No comments:

Post a Comment