နေပြည်တော် အောက်တိုဘာ
၁၃
နိုင်ငံတော်သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံ
မေဆင်န်အကယ်ဒမီ ကျောင်းဥက္ကဋ္ဌ မစ္စတာ ဂျွန်ဘရိုမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား
ယနေ့မွန်းလွဲ (၂) နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာ ကိုကိုဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ
မြန်မာ-ဂျပန် အသင်းဥက္ကဋ္ဌ ဦးစောလှမင်း တက်ရောက်သည်။
ထို့သို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ
မြှင့်တင်ရေး ဆောင်ရွက်နေမှု၊ နိုင်ငံတော်သမ္မတ၏ ပညာသင်ဆု ကိစ္စဆောင်ရွက်နေမှု၊ အင်္ဂလိပ်ဘာသာရပ်
ကျွမ်းကျင်မှုမြှင့်တင်ရေးနှင့် သင်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို
ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment