နေပြည်တော်
အောက်တိုဘာ
၁၃
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ သြစတြေးလျ အမျိုးသား
တက္ကသိုလ်
ပါမောက္ခချုပ် မစ္စတာ ဂရက်ဂျွန်အီဗန်အား ယနေ့ညနေ (၃) နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာ
ကိုကိုဦးနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့သို့ တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နေမှု၊ ပညာရေးကဏ္ဍ
ပူးပေါင်းဆောင်ရွက်ရေး၊
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment