နေပြည်တော် အောက်တိုဘာ ၁၃
ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များအား
မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ပြပွဲဗဟိုကော်မတီ အစည်းအဝေး ကို ယနေ့မွန်းလွဲ ၃နာရီတွင်
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
နာယက၊ သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ ဒေါက်တာတင်ရွှေ၊ မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ
ဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီများ မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်း
ရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က
ကျောက်မျက်ရတနာ ပြပွဲများကို အလုပ်အကိုင် အခွင့်အလမ်းများရရှိရန်၊ ပြည်တွင်း၌ ကျောက်မျက်အချောထည်လုပ်
ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်များဖြင့်
ကျင်းပခြင်းဖြစ်ပါကြောင်း။
ပြပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်
လုပ်ငန်းကော်မတီများကိုလည်း ဖွဲ့စည်းပြီးဖြစ် သည့်အပြင် ကော်မတီ အသီးသီးတွင်လည်း ယခင်ပြပွဲအတွေ့အကြုံများ
ရှိပြီးဖြစ်သောကြောင့် ယခုကျင်းပမည့်ပြပွဲကို အောင်မြင်စွာ ကျင်းပနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ယခုတစ်ကြိမ်ပြပွဲသည် နေပြည်တော်၌ နိုင်ငံတကာအစည်းအဝေးများ
ကျင်းပနေချိန်နှင့် တိုက်ဆိုင်လျက်ရှိ သောကြောင့် လုံခြုံရေးကို အဓိကထား၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်
လိုအပ်လျက်ရှိပြီး ကျန်းမာရေး နှင့် ငွေကြေးဆိုင်ရာ သုံးစွဲမှုများကိုလည်း မှန်မှန်ကန်ကန်နှင့်
စနစ် တကျဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ယခုကျင်းပမည့်ပြပွဲကို အောင်မြင်စွာကျင်းပ
နိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြရန်
လိုအပ်ပါကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် စီမံရေးရာလုပ်ငန်းကော်မတီ၊
ကျောက်စိမ်းလုပ်ငန်းကော်မတီ၊ ကျောက်မျက် လုပ်ငန်းကော်မတီ၊ လုံခြုံရေး လုပ်ငန်းကော်မတီ၊
ဘဏ္ဍာရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်းတို့မှ
တာဝန်ရှိသူများက ပြပွဲအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ကော်မတီအလိုက်၊ အသင်းအဖွဲ့
အလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ နှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို
ရှင်းလင်း တင်ပြကြသည်။
ထို့နောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ
ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများက ပြပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍
ဖြည့်စွက်ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က ရှင်းလင်းတင်ပြချက်များ အပေါ် ပြန်လည် သုံးသပ်ဆွေးနွေး ပြောကြားပြီး လိုအပ်သည်များကို
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
စတုတ္ထအကြိမ် ကျောက်မျက်ရိုင်းများနှင့်
ကျောက်စိမ်းအသားကျောက်များအား မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌
အောက်တိုဘာ ၁၄ရက်မှ ၂၀ရက်နေ့အထိ နံနက် ၈နာရီမှ ညနေ၅နာရီ အထိ ကျင်းပသွားမည်ဖြစ်သည်။
ပြပွဲကာလတွင် ၁၄ရက်မှ ၁၅ရက်အထိ ကြည့်ရှုလေ့လာချိန်အဖြစ်သတ်မှတ်ထားပြီး
ကျောက်မျက်အတွဲပေါင်း (၁၆၀)တွဲကို ၁၆ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်
ဖြစ်ကြောင်းနှင့် ကျောက်စိမ်းအသား ကျောက်အတွဲပေါင်း (၆၉၈၂)တွဲကို ၁၇ရက်မှ ၂၀ရက်အထိ
ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment