Wednesday, October 29, 2014

မြန်မာယူ - ၁၉ အသင်း ဂုဏ်ပြုပွဲအတွက် သတင်းစာရှင်းလင်းပွဲကျင်းပမည်



ရန်ကုန် အောက်တိုဘာ ၂၈
၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိထားသည့် မြန်မာယူ-၁၉ အသင်းအား ပြုလုပ် မည့်ဂုဏ်ပြုပွဲ အစီအစဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ အထူးသတင်းစာရှင်းလင်း ပွဲကို အောက်တိုဘာ ၂၉ ရက်(ယနေ့) ညနေ ၃ နာရီတွင် သုဝဏ္ဏဘောလုံး ကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။ ယူ-၂၀ ကမ္ဘာ့ဖလားဝင်ခွင့်ရ မြန်မာ ယူ-၁၉အသင်း ကို နိုဝင်ဘာ ၁ရက်နှင့် ၂ ရက်တွင် ဂုဏ်ပြုပွဲများ ပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်တွင်
ရန်ကုန်မြို့၌ မော်တော်ယာဉ် များဖြင့် လှည့်လည်အောင်ပွဲခံရန် စီစဉ်ထားသည်။ ယင်းအစီအစဉ်များ ၏ အသေးစိတ်အစီအစဉ်များကိုယခုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားမည်ဖြစ်သည်။

No comments:

Post a Comment