Friday, September 5, 2014

UN,INGOs အဖွဲ့များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး စစ်တွေမြို့နယ် ဘင်္ဂလီ ကယ်ဆယ်ရေး စခန်းများမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

စစ်တွေ စက်တင်ဘာ ၎
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းသည် စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီက စစ်တွေမြို့ ပြည်နယ် အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေး စင်တာ (ECC) အစည်းအဝေး ခန်းမ၌ UN,INGOs အဖွဲ့များနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။

ညှိနှိုင်းဆွေးနွေးရာသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိ ယပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် UN,INGOs အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် အတွင်း ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း လုပ်ဆောင် လျက်ရှိပြီး UN,INGOs အဖွဲ့များအနေဖြင့် တိုင်းရင်းသားများကို အလေးထားသကဲ့သို့ နိုင်ငံတော် ကလည်း အလေးထား ဆောင်ရွက်ပေးလျက် ရှိနေပါကြောင်း၊ တစ်ဖက်တွင်လည်း ရခိုင်တိုင်းရင်း သားတို့၏ ဆန္ဒနှင့်ကိုက်ညီအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ UN,INGOs အဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက် ချက်များသည် လက်ရှိ အခြေအနေတွင် အဆင်ပြေချောမွေ့လျက် ရှိသည်ကို တွေ့ရှိ ရပါကြောင်း၊ တိုင်းရင်းသား များ၏ ခံစားမှုကိုထဲထဲဝင်ဝင် လေ့လာစဉ်းစားပြီး ညှိနှိုင်းပေါင်းစပ် လုပ်ဆောင်ပါက UN,INGOs အဖွဲ့များ၏ လုပ်ငန်းများအားလုံး အဆင်ပြေမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် အဓိကမျှတမှုကို လိုချင်နေကြကြောင်း၊ လက်ရှိ IDP စခန်းများတွင် ရခိုင်တိုင်းရင်းသား IDP နှင့် ဘင်္ဂလီ IDP နှစ်မျိုး နှစ်စားရှိပြီး ဘင်္ဂလီ IDP က ပိုမိုများပြား သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ရခိုင်တိုင်းရင်းသားကျေးရွာ များတွင် ဆင်းရဲ ချို့တဲ့သည့် ကျေးရွာများစွာရှိကြပြီး IDP ထက် နိမ့်ကျသည့် အခြေအနေ တွင်ရှိနေကြသည့် အတွက် UN,INGOs အဖွဲ့များ အနေဖြင့် ၎င်းတို့အား လျစ်လျူရှု ပစ်ပယ်မထားဘဲ ကွင်းဆင်းလေ့လာ ညှိနှိုင်းပြီး အလေးပေး ဆောင်ရွက်ပါကြောင်း၊ လုပ်ငန်းများပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ UN,INGOs အဖွဲ့များတွင် တိုင်းရင်းသား ဝန်ထမ်းများကို ခန့်အပ် တာဝန်ပေးထားပြီး လက်တွဲခေါ်ယူသွား ကြရန် ဖြစ် ပါ ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် UN,INGOs အဖွဲ့များကို လက်ကမ်း ကြိုဆိုမည်၊ ပူးပေါင်း ဆောင်ရွက် မည် ဖြစ်ပြီး လုံခြုံရေးနှင့် နေရာထိုင်ခင်း အဆင်ပြေရေးအတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက် ရှိနေပါကြောင်းဖြင့် ရှင်း လင်းပြောကြားသည်။
ယင်းနောက် UN,INGOs အဖွဲ့များ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည် ဖြေကြားခဲ့သည်။ ဆက် လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သက္ကေပြင်အခြေခံပညာ အလယ်တန်း ကျောင်း၌ စစ်တွေမြို့ ဘင်္ဂလီကယ် ဆယ်ရေး စခန်းများမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေ နှင့် အညီ ဆောင်ရွက်မည့်လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက် သွားရမည့် အခြေ အနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနှင့် အညီ မြေပုံမြို့နယ်၌ ဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် သက္ကေပြင်နှင့် ခေါင်းဒုက္ကာ ကယ်ဆယ်ရေးစခန်းများအား လှည့် လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment