ရန်ကုန် စက်တင်ဘာလ ၅
အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်ဝင်းနှင့်
အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ
တာဝန်ရှိသူများ နှင့် Aung Myanmar Media Group မှ တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊
သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား အားကစား
ပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ) ၌ ကျင်းပပြုလုပ်သည့် Myanmar e - Sports
Championship ပြိုင်ပွဲ သို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံအိုလံပစ်
ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ကိုယ်စား ဒုတိယဝန်ကြီး ဦးဇော်ဝင်းက တက်ရောက် ဖွင့်လှစ် ပေးခဲ့သည်။
ရှေးဦးစွာ အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး
ဦးဇော်ဝင်းနှင့် Aung Myanmar Media Group
မှ CEO ဦးရဲမြန်မာအောင် နှင့် ဦးသက်ဇော်ဝင်းတို့က
ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး Aung Myanmar
Media Group မှ CEO ဦးရဲမြန်မာအောင်နှင့် ဦးသက်ဇော်ဝင်းတို့က ပြိုင်ပွဲနှင့်
ပတ်သက်၍ ရှင်းလင်း တင်ပြပြောကြား ခဲ့သည်။ အဆိုပါ ပြိုင်ပွဲသည် Computer Net Game ကစားသည့်အဆင့်မှ
ကမ္ဘာ့အဆင့်မှီ e - Sports ထိ တက်လှမ်းနိုင်ရန်
မြန်မာပြည် သူများကို ပထမဦးဆုံးချပြခဲ့သော Myanmar e - Sports Championship ပြိုင်ပွဲကြီးဖြစ်ပါသဖြင့် ပြိုင်ပွဲတွင် ပထမဆု ရရှိပါက
ဆုကြေးငွေကျပ်သိန်း(၅၀)ဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း(၁၂၀)ချီးမြှင့်သွားမည်ဖြစ်ပါသည်။
ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသော ဧည့်သည်တော်များက
Myanmar e - Sports Championship ပြိုင်ပွဲတွင် ပါဝင်သည့် အသင်း(၂)သင်း၏ ယှဉ်ပြိုင်မှုအား
Presentation ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။
ညနေပိုင်းတွင် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး
ဦးဇော်ဝင်းသည် ၂၀၁၄ခုနှစ် ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့်
ပြည်နယ် ဟော်ကီပြိုင်ပွဲသို့ ရောက်ရှိရာ မြန်မာနိုင်ငံဟော်ကီ အဖွဲ့ချုပ်ဥက္ကဌ ဦးထင်ဇော်ဝင်း၊
အတွင်းရေးမှူး ဦးခင်မောင်လတ်တို့နှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ် ဟော်ကီ ပြိုင်ပွဲ၏
ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲတွင် နေပြည်တော် တိုင်းဒေသကြီးအသင်းနှင့်
ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ် အသင်းက နေပြည်တော် တိုင်းဒေသကြီးအသင်းအား
(၆)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိသွားပြီး၊ အဆိုပါပြိုင်ပွဲ အား စက်တင်ဘာ (၁၄)ရက်နေ့အထိ
တတိယလုပွဲနှင့် ဗိုလ်လုပွဲများကို ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment