ဘာလင်-စက်တင်ဘာ(၄)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် ဂျာမနီနိုင်ငံသမ္မတ မစ္စတာဂျိုဝါချင်ဂေါက်ခ် တို့သည် စက်တင်ဘာ ၄ ရက်
ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဂျာမနီသမ္မတအိမ်တော်၌တွေ့ဆုံသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
ဂျာမနီနိုင်ငံသမ္မတအိမ်တော်သို့ အထူးယာဉ်တန်းဖြင့် ရောက်ရှိလာရာ ဂျာမနီနိုင်ငံသမ္မတက
ရင်းနှီးခင်မင်စွာ ခရီးဦးကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် နှစ်နိုင်ငံသမ္မတတို့သည် သမ္မတအိမ်တော်ရှေ့တွင်
မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
ဂျာမနီနိုင်ငံသမ္မတအိမ်တော်ရှိ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊
ဦးဉာဏ်ထွန်းအောင်၊ ဦးခင်မောင်စိုးနှင့် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်တို့တက်ရောက်ကြပြီး
ဂျာမနီနိုင်ငံသမ္မတနှင့်အတူ ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ဂျာမနီသမ္မတ မစ္စတာဂျိုဝါချင်ဂေါက်ခ်သည်
မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ လာရောက်လည်ပတ်ခဲ့ပြီး
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ယခုအကြိမ်သည် နှစ်နိုင်ငံသမ္မတနှစ်ဦး
ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်သည်။
No comments:
Post a Comment