Monday, September 1, 2014

အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း တပ်ကုန်းမြို့နယ် အားကစားကွင်း အဆင့်မြင့် ပြုပြင် တည်ဆောက်မှု ကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ ၁ မြန်မာ့အားကစား အစဉ်အမြဲ တိုးတက်အောင်မြင်ရန် အတွက် အားကစား ဝန်ကြီးဌာနအနေနှင့် ရေတို ရေရှည် စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိပြီး ရေရှည် စီမံကိန်းအဖြစ် အားကစားကို ပြည်သူလူထုများမှ အောက်ခြေ အဆင့်မှ စ၍ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် လှုပ်ရှားကစားနိုင်ပြီး၊ လူတစ်စုအားကစားမှ လူထု အားကစားအဖြစ် အောင်မြင်စွာလုပ်ဆောင်နိုင်ကာ ထူးချွန်အားကစားသမား ပေါ်ထွက်လာစေရေး အတွက် မြန်မာနိုင်ငံရှိ မြို့နယ် အသီးသီးတွင် မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဖြစ် (Township Sports Development Project) စတင်ဆောင်ရွက် နိုင်ရန် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အား စတင်ဆောင်ရွက် မည်ဖြစ်ရာ တပ်ကုန်းမြို့နယ် အားကစားကွင်းအား အဆင့်မြှင့်တင် ဆောင်ရွက်နေမှုလုပ်ငန်းများအား ယနေ့ နံနက် (၁၀)နာရီတွင် မြန်မာနိုင်ငံအမျိုးသား အားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် Mount Pleasant Hotel အနီးရှိ နိုင်ငံတကာ ပြိုင်ပွဲများ လက်ခံ ကျင်းပနိုင်သည့် BMX စက်ဘီးအားကစားကွင်းအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူ များအားကွင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ မျိုးဆက်သစ်အားကစားသမား မွေးထုတ်နိုင်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ သွားရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်တွင်းပြိုင်ပွဲများအား လက်ခံကျင်းပ နိုင်ရေး လမ်းညွှန် မှာကြား ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း စတင် အကောင်အထည် ဖော်ရန်အတွက် တပ်ကုန်းမြို့နယ် အားကစားကွင်းအဆင့်မြင့် တင်တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးရာ တပ်ကုန်းမြို့နယ် ပြည်သူ့အားကစားကွင်းအဝင်လမ်း ကွန်ကရစ်ခင်းနေမှု လုပ်ငန်းအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များနှင့် ဘောလုံးကွင်းအဝင်မုဒ်ဦးနှင့် ဆိုင်းဘုတ်အသစ် ပြန်လည် ပြုလုပ်နိုင်ရေး လမ်းညွှန်မှာကြားပါသည်။ ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် ဘောလုံးကွင်းအတွင်း၌ ပိုက်ကျော်ခြင်းအားကစား ရုံနှင့် ဘော်လီဘော အားကစားရုံ တည်ဆောက်ရန် မြေနေရာ သတ်မှတ်ချက်များ ကိုလည်းကောင်း၊ မီတာ(၄၀၀) ပြေးလမ်း ၊ နိုင်ငံတကာ အဆင့်မီ Synthetic Ruber (ဆန်သပ်တစ်ပြေးလမ်း) အဖြစ်ပြုလုပ်ပြင် ဆင်နေမှုများအား လည်းကောင်း၊ ဘောလုံးကွင်းအတွင်း မြက်ခင်းများ ပြုပြင်ရန်နှင့် ရေနုတ်မြောင်း၊ ရေထွက် ပေါက်များ ပြုပြင် တည်ဆောက် နိုင်ရေးအား တာဝန်ရှိသူများမှ အသီးသီး တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက မြက်ခင်း ပြုပြင် တည်ဆောက်ပြီးပါကာ ပြည်သူလူထုများ အားကစားလေ့ကျင့် ပြုလုပ်ရာတွင် ယှဉ်ပြိုင်ကစားမှုများအား ရက်သတ်မှတ် ပေးရန်နှင့် ကျန်ရက်များတွင် အားကစားကွင်းအတွင်း နေရာခွဲ၍ လေ့ကျင့်စေခြင်းဖြင့် မြက်ခင်းများ မပျက်စီးစေရေး ၊ဘောလုံးဂိုး သွင်းကွင်းကို လေ့ကျင့်ခန်းပြုလုပ်ရန်အတွက် လေ့ကျင့်ရေး ဂိုးအုတ် တံတိုင်း သီးသန့်ပြုလုပ်ပေးရန်တို့ကို တာဝန်ရှိသူများအား မှာကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ပြည်သူများ ပြိုင်ပွဲများအား လာရောက်ကြည့်ရှု နိုင်ရေးအတွက် ပွဲကြည့်စင်အား ပြန်လည်ပြုပြင် မွမ်းမံနိုင်ရန် ပြင်ဆင်ထားရှိမှုများအား တာဝန်ရှိသူများ မှ ရှင်းလင်တင်ပြရာ ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များအားမှာကြား ပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ဘောလုံးကွင်းအတွင်းရှိ မြို့နယ်အားကစားရုံ ခန်းမ၌ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ကို တွေ့ဆုံရာတွင် အားကစားဝန်ကြီးဌာန အားကစားကွင်း/အားကစားရုံ ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းမှ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင် အထည်ဖော်ရန် မြို့နယ်အား ကစားကွင်းအဆင့်မြှင့်တင်ရာတွင် (Great One) အဆင့်ရှိ မြို့နယ် အားကစားကွင်းများအား ပြုပြင်တည် ဆောက်ရာတွင် ပါဝင်ရမည့် အချက်များဖြစ်သည့် မြို့နယ် အားကစားကွင်း ဆိုင်းဘုတ်မုဒ်ဦး ကောင်းမွန်ရေး၊ ကွင်းဧရိယာ ခြံစည်းရိုးအုတ် တံတိုင်းကာရံခြင်း၊ အားကစားကွင်းဝင်လမ်းကောင်းမွန်ခြင်း၊ လူအများ အလွယ် တကူ ဝင်ထွက်သွားလာနိုင်ရေး၊ မီတာ(၄၀၀) ပြေးလမ်း၊ အဆင့်မီပြေးလမ်းပြုလုပ်ခြင်း၊ အားကစားကွင်းအတွင်း သံလုံး၊သံပြား၊ လှံတံလေ့ကျင့် နိုင်ရေး၊ နေရာသတ်မှတ်ထားရှိနိုင်ရေး၊ ဘောလုံးကွင်းအတွင်း လုံခြုံမှုရှိရေး၊ သံဇကာခြံစည်းရိုး ထားရှိရေး၊ ဘောလုံးကွင်းအတွင်း ရေထွက်ပေါက် ရေနုတ်မြောင်းများထားရှိရေး၊ အားကစားပေါင်းစုံ လေ့ကျင့်နိုင်သည့် သုံးခန်းတွဲအဆောက် အဦး တည်ဆောက်နိုင်ရေး ဘောလီဘော အားကစားရုံ၊ ပိုက်ကျော်ခြင်း၊ အားကစားကွင်း သီးသန့် တည်ဆောက်ပေးရေး၊ ပွဲကြည့်စင် ကောင်းမွန်ရေး၊ ဘောလုံး ကွင်းအတွင် မြက်ဖြတ်စက်ထားရှိရေး၊ ကွင်းအတွင်းရေ၊ လျှပ်စစ်မီးအလုံလောက်ရရှိရေး၊ အားကစား ကွင်း၌ စားသောက်ဆိုင်၊ အားကစားပစ္စည်း အရောင်းဆိုင်များ ထားရှိရေး၊ အားကစားကွင်းမြေဂရံ ရရှိ ရေးနှင့် မြေဂရံပါ ဧရိယာ မှန်ကန်မှုရှိရေး၊ အများသုံးသန့်စင်ခန်း စနစ်တကျထားရှိရေး၊ အားကစား ကွင်းအတွင်း လိုအပ်သော လမ်းညွှန် ဆိုင်းဘုတ်နှင့် လှုံ့ဆော်ရေး ပိုစတာများထားရှိရေး၊ အားကစားကွင်း အတွင်း သန့်ရှင်း သပ်ရပ်စေရေးနှင့် အားကစားကွင်းပြုပြင်ထိန်းသိမ်းမှုကောင်းမွန်ရေး စသည့် အချက် များကို တင်ပြခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးမှ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး၊ စီမံကိန်းအကောင် အထည်ဖော်ရာတွင် အားကစား ဝန်ကြီးဌာနမှ မြို့နယ်တိုင်းအား တင်ပြပါ အချက်များနှင့်ပြည့်စုံသည့် အဆင့်မှီ အားကစားကွင်း များ တည်ဆောက်ရေးမှာ အဓိကကျကြောင်းနှင့် ပြည်သူများ နံနက်တိုင်းကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ် နိုင်ရေးအား သရုပ်ပြများဖြင့် လှုံ့ဆော်ကြော်ငြာပြီး နံနက်တိုင်း ပြည်သူများ ကျန်းမာရေးလိုက်စား နိုင်ရန် စီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားကွင်းအတွင်း (၃)ခန်းတွဲ အားကစားရုံ တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

နေပြည်တော်၊ စက်တင်ဘာ ၁
မြန်မာ့အားကစား အစဉ်အမြဲ တိုးတက်အောင်မြင်ရန် အတွက် အားကစား ဝန်ကြီးဌာနအနေနှင့် ရေတို ရေရှည် စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိပြီး ရေရှည် စီမံကိန်းအဖြစ် အားကစားကို ပြည်သူလူထုများမှ အောက်ခြေ အဆင့်မှ စ၍ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် လှုပ်ရှားကစားနိုင်ပြီး၊ လူတစ်စုအားကစားမှ လူထု အားကစားအဖြစ် အောင်မြင်စွာလုပ်ဆောင်နိုင်ကာ







 ထူးချွန်အားကစားသမား ပေါ်ထွက်လာစေရေး အတွက် မြန်မာနိုင်ငံရှိ မြို့နယ် အသီးသီးတွင် မြို့နယ် အားကစားဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအဖြစ် (Township Sports Development  Project) စတင်ဆောင် ရွက် နိုင် ရန် နေပြည်တော်ကောင် စီနယ်မြေ တပ်ကုန်းမြို့နယ်အား စတင်ဆောင်ရွက် မည်ဖြစ်ရာ တပ်ကုန်းမြို့နယ် အားကစားကွင်းအား အဆင့်မြှင့် တင် ဆောင်ရွက်နေမှု လုပ်ငန်းများအား ယနေ့ နံနက် (၁၀)နာရီတွင် မြန်မာနိုင်ငံအမျိုးသား အားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် Mount Pleasant Hotel အနီးရှိ နိုင်ငံတကာ ပြိုင်ပွဲများ လက်ခံ ကျင်းပနိုင်သည့် BMX စက်ဘီးအားကစားကွင်းအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူ များအားကွင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ မျိုးဆက်သစ် အားကစားသမား မွေးထုတ်နိုင်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ သွားရောက် ယှဉ်ပြိုင်နိုင်ရေး အတွက် ပြည်တွင်းပြိုင်ပွဲများအား လက်ခံကျင်းပ နိုင်ရေး လမ်းညွှန် မှာကြား ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း စတင် အကောင် အထည် ဖော်ရန်အတွက် တပ်ကုန်းမြို့နယ် အားကစားကွင်းအဆင့်မြင့် တင်တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးရာ တပ်ကုန်းမြို့နယ် ပြည်သူ့အားကစား ကွင်းအဝင်လမ်း ကွန်ကရစ်ခင်းနေမှု လုပ်ငန်းအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များနှင့် ဘောလုံးကွင်းအဝင်မုဒ်ဦးနှင့် ဆိုင်းဘုတ်အသစ် ပြန်လည် ပြုလုပ်နိုင်ရေး လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် ဘောလုံးကွင်းအတွင်း၌ ပိုက်ကျော်ခြင်းအားကစား ရုံနှင့် ဘော်လီဘော အားကစားရုံ တည်ဆောက်ရန် မြေနေရာ သတ်မှတ်ချက်များ ကိုလည်းကောင်း၊ မီတာ(၄၀၀) ပြေးလမ်း ၊ နိုင်ငံတကာ အဆင့်မီ Synthetic Ruber (ဆန်သပ်တစ်ပြေးလမ်း) အဖြစ်ပြုလုပ်ပြင် ဆင်နေမှုများအား လည်းကောင်း၊ ဘောလုံးကွင်း အတွင်း မြက်ခင်းများ ပြုပြင် ရန်နှင့် ရေနုတ်မြောင်း၊ ရေထွက် ပေါက် များ ပြုပြင် တည်ဆောက် နိုင်ရေးအား တာဝန်ရှိသူများမှ အသီးသီး တင်ပြကြရာ ပြည်ထောင် စု ဝန်ကြီးက မြက်ခင်း ပြုပြင် တည်ဆောက်ပြီးပါကာ ပြည်သူလူထုများ အားကစားလေ့ကျင့် ပြုလုပ်ရာတွင် ယှဉ်ပြိုင်ကစားမှုများအား ရက်သတ်မှတ် ပေးရန်နှင့် ကျန်ရက်များတွင် အားကစားကွင်း အတွင်း နေရာ ခွဲ၍ လေ့ကျင့်စေခြင်းဖြင့် မြက်ခင်းများ မပျက်စီးစေရေး ၊ဘောလုံးဂိုး သွင်းကွင်းကို လေ့ကျင့်ခန်းပြုလုပ်ရန် အတွက် လေ့ကျင့်ရေး ဂိုးအုတ် တံတိုင်း သီးသန့်ပြုလုပ်ပေးရန်တို့ကို တာဝန်ရှိသူများအား မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ပြည်သူများ ပြိုင်ပွဲများအား လာရောက်ကြည့်ရှု နိုင်ရေးအတွက် ပွဲကြည့် စင်အား ပြန်လည်ပြုပြင် မွမ်းမံနိုင်ရန် ပြင်ဆင်ထားရှိမှုများအား တာဝန်ရှိသူများ မှ ရှင်းလင်တင်ပြရာ ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များအားမှာကြား ပါသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ဘောလုံးကွင်းအတွင်းရှိ မြို့နယ်အားကစားရုံ ခန်းမ၌ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ကို တွေ့ဆုံရာတွင် အားကစားဝန်ကြီးဌာန  အားကစားကွင်း/အားကစားရုံ ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းမှ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင် အထည်ဖော်ရန် မြို့နယ်အား ကစားကွင်းအဆင့်မြှင့်တင်ရာတွင် (Great One) အဆင့်ရှိ မြို့နယ် အားကစားကွင်းများအား ပြုပြင်တည် ဆောက်ရာတွင် ပါဝင်ရမည့် အချက်များဖြစ်သည့် မြို့နယ် အားကစားကွင်း ဆိုင်းဘုတ်မုဒ်ဦး ကောင်းမွန်ရေး၊ ကွင်းဧရိယာ ခြံစည်းရိုးအုတ် တံတိုင်းကာရံခြင်း၊ အားကစားကွင်းဝင်လမ်းကောင်းမွန်ခြင်း၊ လူအများ အလွယ် တကူ ဝင်ထွက်သွားလာနိုင်ရေး၊ မီတာ(၄၀၀) ပြေးလမ်း၊ အဆင့်မီပြေးလမ်းပြုလုပ်ခြင်း၊ အားကစားကွင်းအတွင်း  သံလုံး၊သံပြား၊ လှံတံလေ့ကျင့် နိုင်ရေး၊ နေရာသတ်မှတ်ထားရှိနိုင်ရေး၊ ဘောလုံးကွင်းအတွင်း လုံခြုံမှုရှိရေး၊ သံဇကာခြံစည်းရိုး ထားရှိရေး၊ ဘောလုံးကွင်းအတွင်း ရေထွက်ပေါက် ရေနုတ်မြောင်းများထားရှိရေး၊ အားကစားပေါင်းစုံ လေ့ကျင့်နိုင်သည့် သုံးခန်းတွဲအဆောက် အဦး တည်ဆောက်နိုင်ရေး ဘောလီဘော အားကစားရုံ၊ ပိုက်ကျော်ခြင်း၊ အားကစားကွင်း သီးသန့် တည်ဆောက်ပေးရေး၊ ပွဲကြည့်စင် ကောင်းမွန်ရေး၊ ဘောလုံး ကွင်းအတွင် မြက်ဖြတ်စက်ထားရှိရေး၊ ကွင်းအတွင်းရေ၊ လျှပ်စစ်မီးအလုံလောက်ရရှိရေး၊ အားကစား ကွင်း၌ စားသောက်ဆိုင်၊ အားကစားပစ္စည်း အရောင်းဆိုင်များ ထားရှိရေး၊ အားကစားကွင်းမြေဂရံ ရရှိ ရေးနှင့် မြေဂရံပါ ဧရိယာ မှန်ကန်မှုရှိရေး၊ အများသုံးသန့်စင်ခန်း စနစ်တကျထားရှိရေး၊ အားကစား ကွင်းအတွင်း လိုအပ်သော လမ်းညွှန် ဆိုင်းဘုတ်နှင့် လှုံ့ဆော်ရေး ပိုစတာများထားရှိရေး၊ အားကစားကွင်း အတွင်း သန့်ရှင်း သပ်ရပ်စေရေးနှင့် အားကစားကွင်းပြုပြင်ထိန်းသိမ်းမှုကောင်းမွန်ရေး စသည့် အချက် များကို တင်ပြခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးမှ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး၊ စီမံကိန်းအကောင် အထည်ဖော်ရာတွင် အားကစား ဝန်ကြီးဌာနမှ မြို့နယ်တိုင်းအား တင်ပြပါ အချက်များနှင့်ပြည့်စုံသည့် အဆင့်မှီ အားကစားကွင်း များ တည်ဆောက်ရေးမှာ အဓိကကျကြောင်းနှင့် ပြည်သူများ နံနက်တိုင်းကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ် နိုင်ရေးအား သရုပ်ပြများဖြင့် လှုံ့ဆော်ကြော်ငြာပြီး နံနက်တိုင်း ပြည်သူများ ကျန်းမာရေးလိုက်စား နိုင်ရန် စီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားကွင်းအတွင်း (၃)ခန်းတွဲ အားကစားရုံ တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

No comments:

Post a Comment