Monday, September 1, 2014

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်သော အမှုထမ်းများ စွမ်းဆောင် ရည် မြှင့်တင်ရေး သင်တန်း ( ၃ / ၂၀၁၄ ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊၁-၉-၂၀၁၄
၁။    နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဌ နိုင်ငံတော် သမ္မတကြီး ရဲ့ ပြုပြင်ပြောင်းလဲ ရေး ဦးဆောင်ကော် မတီ အစည်းအဝေးမှ လမ်းညွန်မိန့်ကြား ချက်အရ နိုင်ငံတော် ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်အနက် တစ်ခုဖြစ်တဲ့ ဝန်ထမ်းများ စွမ်းဆောင်ရည် တိုးတက်မြင့်မားဖို့ အတွက် ခေတ်နှင့်လိုက်လျောညီထွေ၍






စွမ်းဆောင်ရည်မြင့်မားကာ လျင်မြန်ထိရောက်သော နည်းလမ်း များဖြင့် လုပ်ကိုင်ဆောင်ရွက် တတ်စေရန် ရည်ရွယ်ပြီး စွမ်းဆောင်ရည်မြင့်တင်ရေး သင်တန်းများ ဖွင့် လှစ်ပေးခြင်း ဖြစ်ကြောင်းဖြင့် မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က (၁-၉-၂၀၁၄) ရက်နေ့ (၀၉:၃၀) နာရီအချိန်၊ ဝန်ကြီးရုံးစုဝေးခန်းမတွင် ကျင်းပပြုလုပ်သော အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၃/၂၀၁၄) သင်တန်းဖွင့်ပွဲ၌ ပြောကြားပါသည်။
၂။  ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ပြောကြားရာတွင် လက်ရှိကာလဟာ နိုင်ငံတော် နှင့်ပြည်သူတွေ အတွက် ထူးကဲ့တဲ့ကာ လဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေထဲက အဓိကတာဝန်(၂)ရပ်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးအတွက် ခိုင်မာသော အုတ်မြစ် ချပေးရန်နှင့် ပြည်သူတို့အား ဦးစားပေး ဖြည့်ဆည်းရမည့် လိုအပ်ချက်ဖြစ်သော လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် မိမိတို့ဝန်ကြီးဌာနမှ ကဏ္ဍ အလိုက် ဓမ္မဓိဌာန်ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ သဘာဝသယံဇာတမှာ ကုန်ခမ်းနိုင်ပြီး လူ့စွမ်းအားအရင်း အမြစ်သည် မည်သည့်အခါမျှ မကုန်ခမ်းနိုင်ကြောင်း၊ နိုင်ငံတော်၏ သဘာဝသယံဇာတ အသုံးပြုမှုကို လျော့ချပြီး ဖြစ်နိုင်လျှင်အသုံးမပြုဘဲ သားစဉ်မြေးဆက်သို့ တိုင်အောင် အသုံးပြုနိုင်ရန် ထိန်းချုပ်၍ လူ့စွမ်းအား အရင်းအမြစ်များဖြင့်သာ နိုင်ငံ၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရ မည်မှာ မိမိတို့၏ အန္တိမရည်မှန်းချက်ပင် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တတိယအရှိန် မြှင့်တင်မှုလုပ်ငန်း စဉ်တွေကို နားလည်သိရှိစေဖို့နဲ့ အပြည့်အဝလိုက်ပါ ဆောင်ရွက်နိုင်စေဖို့၊ မူလပေးနေတဲ့ သင်တန်းမျိုး မဟုတ်တဲ့ ရှင်းလင်းချပြခြင်း၊ အပြန်အလှန်ဆွေးနွေးစေခြင်း တို့နဲ့ ဆောင်ရွက်တဲ့ ယခုလို စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
ဒီလိုဖွင့်လှစ်ပေးခြင်းဖြင့် ဝန်ထမ်းများ၏ အဆင့်အလိုက်တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့်အညီ လုပ်ကိုင်ေ ဆာင်ရွက် တတ်စေရန်ဖြစ်ကြောင်း၊ သို့မှသာ ဝန်ထမ်းများ၏စွမ်းဆောင်ရည် မြင့်မားပြီး ပိုမိုလျှင်မြန်စွာ လုပ်ဆောင်တတ်စေမှာ ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်အောင် အမြဲလေ့လာ နေရမှာဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ပေါင်းစပ်ညှိနှိုင်းမှုများကို ဌာနအတွင်း ပြန်လည်သုံးသပ် သွားကြရန် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲသင့်သည်များ ရှိပါကလည်း ပြုပြင်သွားကြဖို့ အလေးအနက် တိုက်တွန်း ပါကြောင်း ပြောကြားပါသည်။
၃။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ သင်တန်းသားများနှင့်အတူ စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူး ပါသည်။   ဝန်ကြီးဌာနအနေဖြင့် အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများကို ဝန်ကြီးရုံးစုဝေး ခန်းမ၌ (၂) ကြိမ်၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီး၌ (၁) ကြိမ်၊ အမှုထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများကို ဝန်ကြီးရုံးစုဝေးခန်းမ၌ (၃) ကြိမ်ဖွင့်လှစ်ခဲ့ပြီး၊ ဆက်လက်၍ ဝန်ကြီးရုံးစုဝေးခန်းမ၌ (၁) ကြိမ်၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီး၌ (၂) ကြိမ်၊ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment