Saturday, September 6, 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဆွစ်ဇာလန်နိုင်ငံ NZZ သတင်းဌာနနှင့်တွေ့ဆုံ Albert Einstein Museum သို့သွား ရောက်လေ့လာ



ဘန်းမြို့   စက်တင်ဘာ  
 
ဆွစ်ဇာလန်နိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ()ရက် ဒေသစံတော်ချိန် နံနက် ()နာရီခွဲတွင် ဆွစ်ဇာလန်နိုင်ငံရှိ ခေတ္တတည်းခိုသည့် ဘန်းမြို့ Hotel Bellevue Palace   ဆွစ်ဇာလန် နိုင်ငံ NZZ  သတင်းဌာနမှ တာဝန်ရှိသူအား လက်ခံတွေ့ဆုံပြီး မေးမြန်းချက် များအား ဖြေကြားခဲ့သည်။

 ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ ဆွစ်ဇာလန်နိုင်ငံ Bern Historical Museum အတွင်းရှိ Albert Einstein ပြတိုက်ကို သွားရောက်ကြည့်ရှုလေ့လာသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား ပြတိုက်ရှိရှင်းလင်းဆောင်၌ ဆွစ်ဇာလန် ဖက်ဒရယ် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန အာရှ-ပစိဖိတ်ဌာနအကြီးအကဲ သံအမတ်ကြီး H.E Mr. Johannes MATYASSY က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် House of Cantons ပြည်တွင်းရေးရာဌာန အကြီးအကဲ Mr. Thomas MINGER ၊  ဘန်းပြည်နယ်ဆက် သွယ်ရေးဌာန အကြီးအကဲ Mr. Christian KRAEUCHI နှင့် ဘန်းမြို့အုပ်ချုပ်ရေးမှူး DR. iur. Jury WICHTERMANN တို့က Perspectives on Federalism Federal Level, Cantonal Level, Communal Level တို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြပြီး နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
ယင်းနောက် ဆွစ်ဇာလန် ဖက်ဒရယ်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန အာရှ-ပိစိဖိတ်ဌာန အကြီးအကဲ သံအမတ်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ၏ ပြည်ထောင်စုစနစ်ကို ၁၈၄၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စတင်ကျင့်သုံးခဲ့ကြောင်း၊ သမိုင်း တစ်လျှောက် အဆင့်ဆင့် ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဘန်းမြို့ အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများအား အမှတ် တရလက်ဆောင် ပစ္စည်းများပေးအပ်ပြီး စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အဖွဲ့ဝင်များသည် Albert Einstein  ပြတိုက်အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ ပြတိုက်နှင့်ပတ်သက်၍ တာဝန်ရှိသူ Mrs. GABRIELE MOSHAMMER  က လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြတိုက်၏ဧည့်သည် တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ပြတိုက်တာ ဝန်ရှိသူ တစ်ဦးအား အမှတ်တရလက်ဆောင်ပစ္စည်းကို ပေးအပ်သည်။
အဆိုပါပြတိုက်ကို ၁၈၉၄ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment