ဘာလင်
စက်တင်ဘာ
၅
စက်တင်ဘာ(၄)ရက် ဒေသစံတော်ချိန် နံနက်(၁၁)နာရီတွင် ဂျာမနီ နိုင်ငံ ဘာလင်မြို့ရှိ ဂျာမနီသမ္မတအိမ်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျာမနီနိုင်ငံသမ္မတ မစ္စတာ ဂျိုဝါချင်ဂေါက်ခ်တို့ တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအခြေအနေများ၊ တိုင်းရင်းသားစည်း
လုံးညီ ညွတ်ရေးနှင့်
ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ
ဖွံ့ဖြိုးတိုး တက်ရေး၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံအတွက် ပညာတော်သင် ဆုများ တိုးမြှင့်ပေးရေးနှင့် ပညာရေး
ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒေသစံတော်ချိန် မွန်းလွဲ(၁၂)နာရီခွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဘာလင်မြို့ရှိ Bayerische Landesvertretung ၌ ဂျာမနီနိုင်ငံ ဟန်ဆိုင်ဒယ်ဖောင်ဒေးရှင်း (Hanns- Seidel Foundation ) ဥက္ကဋ္ဌ ပရော်ဖက်ဆာ Ursula Maennle က နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ဟန်ဆိုင်ဒယ်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ၏ အာဆီယံရေးရာ လှုပ်ရှားမှုများ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ဒီမိုကရေစီ
ထွန်းကားရေးတို့အတွက်
အကူအညီပေးလျက်ရှိသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အစိုးရဝန်ကြီးဌာန လေးခု၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်
များအသင်း
အပါအဝင် လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စီမံကိန်း ၅၂ ခု ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment