နေပြည်တော် စက်တင်ဘာ
၅
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် ဩစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း Australia Broadcasting
Corporation (ABC) တို့ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ထုတ်လုပ်ခဲ့သည့် မိခင်နှင့်ကလေး ကျန်းမာရေး ပညာပေးအစီအစဉ်(၈)ခုနှင့် အစီအစဉ်ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည့် Laptop များ၊ Recorder များနှင့်
ရေဒီယိုများ
လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ၊ ညွှန်ကြားရေးမှူးများ၊ ABC အသံလွှင့်ဌာနမှ ကိုယ်စားလှယ် ဒေါ်ခင်မာဝင်းနှင့် တာဝန်ရှိသူများ၊ အစီအစဉ်များပူးပေါင်းထုတ်လုပ်ခဲ့သည့် သင်တန်းသား သင်တန်းသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ဩစတြေးလျအသံ လွှင့်ကော် ပိုရေးရှင်း ABC မှကိုယ်စားလှယ် ဒေါ်ခင်မာဝင်းက သင်တန်းများပို့ချပေးခဲ့မှုနှင့် အစီအစဉ်များ ပူးပေါင်းထုတ်လုပ်မှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် MRTV နှင့် ABC တို့ပူးပေါင်းစီစဉ်ထုတ်လုပ်သည့် မိခင်နှင့်ကလေးကျန်းမာရေးပညာပေး အစီအစဉ်(၈)ခုနှင့် အဆိုပါအစီအစဉ်များထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည့် Laptop (၇)လုံး၊ Recorder (၇)ခု၊ နံရံကပ်ပိုစတာများနှင့် နေရောင်ခြည်စွမ်းအင်သုံးရေဒီယိုအလုံး(၁၀၀)တို့ကို ABC မှ ဒေါ်ခင်မာဝင်းက လွှဲပြောင်းပေးအပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက လက်ခံသည်။
ဩစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း ABC အနေဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ အသံလွှင့်ဌာန ခွဲမှ ဝန်ထမ်းများ အားသတင်းနှင့် အင်တာဗျူးအစီအစဉ်များ ရေးသားထုတ်လုပ်တင်ဆက်ခြင်းဆိုင်ရာသင်တန်း များပို့ချ သင်ကြားပေးခဲ့ပြီး မိခင်ကလေး ပညာပေး အစီအစဉ်များဖြစ်သည့် သားဆက်ခြားခြင်း၊ သားအိမ်ခေါင်း ကင်ဆာ၊ ကိုယ်ဝန် ဆောင်စောင့်ရှောက် မှုစသည့် အစီအစဉ်(၈)ခုကို ပူးပေါင်းစီစဉ်ထုတ်လုပ်ခဲ့ကာ အဆိုပါ အစီအစဉ်များထဲမှ “မမဦး” ရေဒီယိုအသံလွှင့် အစီအစဉ်ကို စက်တင်ဘာ(၈)ရက်တွင် မြန်မာ့အသံ ရေဒီယိုက စတင်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment