Wednesday, September 3, 2014

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဂျပန်နိုင်ငံ ဆူမီတိုမို မီဆူအီဘဏ်လုပ်ငန်း ကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် Mr. Takeshi Kunibe ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော်  စက်တင်ဘာ 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဂျပန်နိုင်ငံ ဆူမီတိုမို မီဆူအီဘဏ် လုပ်ငန်း ကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Takeshi Kunibe ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဒေါက်တာစန်းလွင်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်တို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံပုဂ္ဂလိကဘဏ်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အသေးစားနှင့် အလတ်စား စီးပွား
ရေးလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးထူထောင်ပေးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်များတွင် အသေးစားချေးငွေလုပ်ငန်းလုပ်ဆောင်ပေးရေး၊ ချေးငွေအာမခံစနစ် ထူထောင် ရေးနှင့် မြန်မာ့ဘဏ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ၊ ဆွေးနွေးပွဲများ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment