Wednesday, September 3, 2014

စစ်ကိုင်းမြို့ လေးကျွန်းမာန်အောင် ဘုရားပူဇော်ပွဲ စည်ကားစွာကျင်းပ



စစ်ကိုင်း စက်တင်ဘာ
စစ်ကိုင်းမြို့ သောတာပန်ရပ်ကွက်ရှိ သမိုင်းဝင်လေးကျွန်းမာန်အောင် မြတ်စွာဘုရားကြီး (၁၀၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲကို ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ရက်အထိ စည်ကားစွာ ကျင်းပခဲ့သည်။ ဘုရားပွဲတွင် ဩဂုတ် ၂၆ နှင့် ၂၇ ရက်က စာရေးဆရာများဖြစ်သော ဆရာကြည်မင်း၊ ဆရာမျိုးသူရ၊ ဆရာမနုနုရည်(အင်းဝ)နှင့် ရုပ်ရှင်သရုပ်ဆောင် ဆွေဇင်ထိုက်တို့က စာပေရေးရာနှင့် လူမှုကူညီရေးအကြောင်းအရာများ ဟောပြောပွဲကို ကျင်းပခဲ့ပြီး ဩဂုတ် ၂၉ တွင်
သီတဂူစတားဆရာတော် အရှင် ပညာနန္ဒ၏ တရားပွဲ၊ ဩဂုတ် ၃၁ တွင် သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ တရားပွဲနှင့် စက်တင်ဘာ ရက်နှင့် ရက်တို့တွင် ဇာတ်ပွဲများ၊ မြန်မာ့ရိုးရာ ခြင်းအလှခတ်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး စက်တင်ဘာ ၃ရက်တွင် ပင့်သံဃာ အပါး ၅၅၀ အား ဆွမ်းလောင်းလှူပွဲနှင့် သီလရှင်များအား ဝတ္ထုငွေများ လှူဒါန်းပွဲတို့ကို ဆက်လက် ကျင်းပမည်ဟုသိရသည်။
လေးကျွန်းမာန်အောင် ဘုရားပွဲနှင့်အတူ ဓမ္မဒူတဆရာတော် အရှင် ဆေကိန္ဒ ဦးဆောင်စီမံမှုဖြင့် သောတာပန် ရပ်ကွက် အလှူပွဲကိုပြုလုပ်ခြင်း ဖြစ်ပြီး ဩဂုတ် ၃၀ နှင့် ၃၁ ရက်တို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ လှူဒါန်းပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသာအေးနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မိသားစုများ တက်ရောက်ခဲ့ကြသည်။ ဩဂုတ် ၃၀ ရက် တွင် စစ်ကိုင်းတောင်ရိုးမှ သုဓမ္မာဆရာတော် အပါး ၅၂၀၀ ကျော်နှင့် သီလရှင်အပါး ၃၁၀၀ ကျော်၊ ဩဂုတ် ၃၁ ရက်တွင် စစ်ကိုင်းတောင်ရိုးမှ ရွှေကျင်ဆရာတော်အပါး ၃၅၀၀ကျော်နှင့် သီလရှင် အပါး၂၇၀၀ ကျော်တို့အား ဆန်၊ ဆီ၊ ဆေး၊ ဆားများကို လှူဒါန်းခဲ့သည်။ စစ်ကိုင်းမြို့ လေးကျွန်းမာန်အောင်ဘုရား ပူဇော်ပွဲကို နှစ်စဉ်ကျင်း ပပြီး စစ်ကိုင်းမြို့၌ ကျင်းပသည့် ဘုရားပွဲများတွင် အချိန်အကြာဆုံးကျင်းပသော ဘုရားပွဲဖြစ်ကာ အစည်ကား ဆုံးလည်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment