Wednesday, September 3, 2014

ကျောက်ဖြူမြို့နယ်၌ ရွှံ့မီးတောင် အသံမြည်ပေါက်ကွဲခဲ့ တောရိုင်းမြေနှင့် လယ်မြေ ဧက ၄၀ ကျော် ချော်ရည်လွှမ်း




ကျောက်ဖြူ   စက်တင်ဘာ   
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာ အုပ်စု ရှောက်ချောင်းကျေးရွာမှ မိုင်ဝက်ခန့်အကွာရှိ ရွှံ့ မီးတောင်သည် ဩဂုတ် ၃၁ ရက် ညနေ နာရီ ၄၅ မိနစ်ခန့်က အသံမြည်ပေါက်ကွဲခဲ့ပြီး ရွှံ့ရည်များအမြင့်ပေ ၅၀ ခန့်အထိ ပန်းထွက်ခဲ့သည်။

အဆိုပါ ရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် ကပ်သပြေ ကျေးရွာအုပ်စု ရှောက်ချောင်းကျေးရွာ ကွင်းအမှတ် ၄၈၁ ရှောက်ချောင်းကွင်းရှိ ရှောက်ချောင်းကျေးရွာမှ တောင်သူ ၁၅ ဦး၊ ကြတ္တိန်ကျေးရွာမှ တောင်သူတစ်ဦး၊ စည်မော် ကျေးရွာမှ တောင်သူလေးဦး စုစုပေါင်း တောင်သူ ၂၀၏ လယ်မြေ ၁၂ ဒသမ ၄၀ ဧကကို မီးတောင်ချော်ရည်များ ဖုံးလွှမ်းပျက်စီးခဲ့သည်။
အဆိုပါရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် တောရိုင်းမြေ မြက်ခင်းနှင့်လယ်မြေအပါအဝင် စုစုပေါင်းဧက ၄၀ ကျော် ချော်ရည်များဖုံးလွှမ်းသွားခဲ့ပြီး မိုးရွာသွန်းပါက လယ်မြေ များသို့ ဆက်လက်ဖုံးလွှမ်းနိုင်ဖွယ်ရှိနေသည့်အတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများက ကွင်းဆင်းလျက် ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင် ရွက်လျက်ရှိကြောင်းသိရသည်။

No comments:

Post a Comment