Wednesday, September 3, 2014

Miss Asia Pacific World 2014 မေမြတ်နိုးအမှား မကျူးလွန်၍ သရဖူကို ပြန်လည်သွားရောက် အပ်နှံမည်မ ဟုတ်ကြောင်း ပြေကြား




ရန်ကုန်  စက်တင်ဘာ 
တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့၌ ပြီးခဲ့သည့် ဇွန်လက ကျင်းပခဲ့ သည့် Miss Asia Pacific World  2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ် စားပြု သွားရောက်ယှဉ်ပြိုင်သော အလှမယ်သရဖူဆု ရရှိခဲ့သည့် Miss Asia Pacific World  2014 သရဖူဆုရှင် မေမြတ်နိုးက ယနေ့ အချိန်ထိ မိမိအနေဖြင့် အမှားတစ်စုံ တစ်ရာ ကျူးလွန်ခဲ့ခြင်း မရှိသောကြောင့် ရရှိခဲ့သည့်သရဖူကို ပြန်လည် အပ်နှံသွားမည်မဟုတ်ကြောင်းပြော ကြားခဲ့ သည်။

သရဖူရပြီး သုံးလပြည့်သည် အထိ မိမိ အမှားတစ်စုံတစ်ရာ မပြု လုပ်ခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံ Miss Asia Pacific World  2014  အဖွဲ့က မိမိ ကို တစ်ဖက်စောင်းနင်းကြေညာ ခဲ့သည့်အတွက် မိမိနိုင်ငံ၊ မိမိ မိသားစုနှင့် မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်ရောက်၊ ၎င်းအဖွဲ့အနေဖြင့်  ဒီကလူကြီးများနှင့်မိမိ မိသားစုကို တရားဝင်တောင်းပန်မှ သရဖူကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဝေဇယန္တာ လမ်းသွယ်၊ အမှတ် (၂၉၀) Rock & Rich Café Paiyo Bar  ပြုလုပ် သည့် မီဒီယာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။
Miss Asia Pacific World  2014 ဆုရှင် မေမြတ်နိုးကို ကိုရီးယား နိုင်ငံ Miss Asia Pacific World  အဖွဲ့က သုံးနှစ်ကြာ ဇာတ်ကားတွဲ ရိုက်ရန်နှင့် အလှမယ်ပြိုင်ပွဲများဝင် ပြိုင်ရန် ဘက်ပေါင်းစုံက ပြုပြင် ပြောင်းလဲမှုများ လုပ်ပေးမည်ဟုပြော ဆိုကာ ပြီးခဲ့သည့် ဩဂုတ် ၁၈ရက်က ကိုရီးယားနိုင်ငံသို့ ခေါ်ဆောင်ခဲ့ ခြင်းဖြစ်သည် ဟုလည်း သိရသည်။
ကိုရီးယားတွင် ဆွေးနွေးညှိနှိုင်းမှုများ အမျိုးမျိုးပြုလုပ်ခဲ့သော်လည်း သရဖူဆုရှင် မေမြတ်နိုး၊ ၎င်း၏  မိခင်နှင့် ကိုရီးယားနိုင်ငံ Miss Asia Pacific World   အဖွဲ့တို့ သဘောထားချင်း မတိုက်ဆိုင်သဖြင့် ဩဂုတ် ၂၇ ရက်က မြန်မာနိုင်ငံသို့ ပြန်အလာတွင် ကိုရီးယားနိုင်ငံ Miss Asia Pacific World  အဖွဲ့က မဟုတ်မမှန်လုပ်ကြံသတင်း များ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြခဲ့သည်။
“ဟိုရောက်တော့ ကျွန်မကို အနုပညာလုပ်ငန်းတွေလုပ်ဖို့ သူတို့နဲ့ သုံးနှစ်လက်တွဲ စာချုပ်ချုပ်ဆိုပြီး တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာ ဂျရီလုပ်ပေးမယ်၊ ပြီးတော့ ဇာတ်ကား တွေရိုက်ပေးမယ်၊ ပြိုင်ပွဲတွေ အများကြီး ဝင်ပြိုင်ခိုင်းမယ်။ ဒါပေမဲ့
 ညီမအမေကို ပြန်လွှတ်လိုက်၊ ညီမပဲ နေခဲ့လို့ပြောတော့ ကျွန်မလည်း အမေနဲ့တိုင်ပင်ပြီး ဆက်နေလို့မသင့် တော့ဘူးထင်ပြီး ပြန်လာခဲ့တာပါ”       ဟု Miss Asia Pacific World  2014 သရဖူဆုရှင် မေမြတ်နိုးက ပြောကြား သည်။
ကိုရီးယားနိုင်ငံ Miss Asia Pacific World  အဖွဲ့က ဩဂုတ် ၂၇ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် Miss Asia Pacific World  2014 ဆုရှင် မေမြတ်နိုးသည် နေရှင်နယ်ဒါရိုက်တာ၊ မန်နေဂျာနှင့် စာချုပ်ပါအချက် များကို လိုက်နာမှု မရှိဘဲ အမှားများကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
 ကိုရီးယားနိုင်ငံ Miss Asia Pacific World  အဖွဲ့က သူတို့နဲ့ လက်တွဲလုပ်ကိုင်ဖို့ သမီးကို ဟိုမှာ တစ်ယောက်တည်း ထားခဲ့ခိုင်းတယ်။ ကျွန်မက အမေတစ်ယောက် အနေနဲ့ ဘယ်လိုလုပ်ထားခဲ့နိုင်မှာ လဲ။ အဲဒါကြောင့် ကျွန်မတို့လည်းသားအမိနှစ်ဦးတိုင်ပင်ပြီး ပြန်လာခဲ့တာ။ သူတို့က ကျွန်မတို့ ပြန်လာတဲ့ ၂၇ ရက်မှာပဲ အခုလို မဟုတ်ကဟုတ်က သတင်းတွေ ထုတ်ပြန်တော့တာပဲဟု မေမြတ်နိုး၏ မိခင် ဒေါ်စန်းစန်းမြင့်က ဆိုသည်။
Miss Asia Pacific World  2014  ဆုရှင် မေမြတ်နိုးသည် အသက် ၁၆ နှစ်သာရှိသေးပြီး အနု ပညာလောကကို တစ်ကြိမ်တစ်ခါမှ ဝင်ရောက်ခဲ့ဖူးခြင်း မရှိကြောင်း၊ ကမ္ဘာကျော် ကိုရီးယားတေးဂီတ Kpop အဖွဲ့နှင့်လည်း ဆက်လက် လုပ်ဆောင်တော့မည်မဟုတ်ဘဲ ယခု ရရှိခဲ့သည့် သရဖူကိုလည်း ဆက်လက်လုပ်ဆောင်တော့ မည်မဟုတ်ဘဲ ယခုရရှိခဲ့သည့် သရဖူကိုလည်း ၎င်းကျေနပ်သည်အထိ  တောင်းပန်ပါကပြန်လည်အပ်နှံ သွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် ပညာရေးကိုသာ ဦးစားပေးသင်ယူသွားတော့မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

No comments:

Post a Comment